ဆေးကျောင်း ပထမနှစ်ပြီးခါနီးမှာပဲ ဂျင်းအပါးပြန်ရောက်လာတယ်
"အပါး သမီးလေး ပိန်သွားလိုက်တာ ကြည့်ပါအုန်း ပင်ပန်းနေပြီလားသမီးရယ်"
"အရမ်းကြီးလည်း မပင်ပန်းပါဘူးအပါး
ဂျင်း ကြိုးစားနိုင်သလောက်တော့ ကြိုးစားတယ် အလွန်အကျွံကြီးတော့လည်း မလုပ်ပါဘူး""ဆိုးလေးကော အဆင်ပြေလား"
"ပြေတယ်အပါး ဂျင်းနဲ့ အမြဲတူတူလာနေပေးတယ် တီတီကလည်း အားတဲ့ချိန် ဂျင်းတို့အတွက် ဟင်းတွေလုပ်လုပ်ပေးတယ်"
"အပါးသမီးလေးကို ဒီမှာ အပါးမရှိဘဲ ထားခဲ့ရတာ စိတ်မကောင်းဘူး အပါးနဲ့လိုက်ခဲ့ပါလား သမီး ဟိုမှာပဲကျောင်းဆက်တက်ပြီး ကျောင်းပြီးမှ ဒီမှာ အလုပ်ပြန်လာလုပ်ရင် လစာကအစ ကွာသွားမှာ"
အမှန်တော့ ဂျင်းအပါးက သူ့သမီးက ဆိုး အတွက်ပါအလုပ်တွေ လုပ်ပေးနေရလို့ ပင်ပန်းနေတယ်လို့ ယူဆမိနေတာ သူနဲ့သာနေရရင် ဒီလောက်ပင်ပန်းမှာ မဟုတ်ဘူးလို့လည်း တွေးမိလိုက်လို့
"အပါးလည်း သမီးကို နောက်ဆံတင်းစရာမလိုတော့ဘူးပေါ့ ဂျင်းလေးရယ်
အပါးမှာလည်း ဒီသမီးလေး တစ်ယောက် တည်းရှိတာလေ""ဂျင်းမလိုက်ချင်ဘူး
ဂျင်းက ဒီမှာအသားကျပြီးနေပြီ""အပါးလည်း ဟိုမှာ ရောက်ခါစကသာ အဆင်မပြေတာ ခုဆို တော်တော်အသားကျနေပြီ ဂျင်းလေးလည်း ခဏဆို နေတတ်သွားမှာပေါ့
အပါးမပြန်ခင် စဉ်းစားပါအုန်း သမီးရယ်""ဟုတ် ဂျင်းစဉ်းစားပါ့မယ်"
!!!!!!!!!!!!
"ဆိုးရေ
အပါးက ဂျင်းကို ကျောင်း ဟိုမှာပဲဆက်တက်ဖို့ပြောနေတယ်""ဂျင်းသဘောကရော"
"ဂျင်းက ဆိုးရှိရာအရပ်ကိုပဲ မျက်နှာမူမှာလေ အချစ်ရဲ့"
"မလိုက်သွားဘူးမလား"
"နိုးပါကွယ် ဆိုး နဲ့ခွဲရမယ့်အလုပ် ဂျင်းမလုပ် လုပ်ရင် ဂျင်းမဟုတ် ဟားဟား"
"ချစ်လိုက်တာ ဂျင်းရယ်
ဆိုးရဲ့ အသဲနှလုံးကျောက်ကပ်တုံးကလေး
ဆိုးကလည်း ဂျင်းကိုမခွဲနိုင်ဘူး ဂျင်းသာလိုက်သွားရင် ဆိုးတော့ အသဲကွဲပြီး ကျောင်းပါဆက်တက်နိုင်မှာ မဟုတ်လောက်ဘူးထင်တယ်"
YOU ARE READING
Unbelievable Love
Fanfictionယုံကြည်မှု အပြည့်အဝထားပြီး တည်ဆောက်လို့ရပါ့မလားဆိုတာကို မယုံကြည်ရဲတော့တာမျိုး