Part 9

493 33 14
                                    

"ဘေဘီနဲ့ ဟန်နီဆက်တွဲဖို့က ဟန်နီ့ဖက်က အားနည်းချက်တွေအများကြီးရှိတာမို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်"

"ဘယ်လို ဟန်နီ
ဘေဘီ့အတွက် ဟန်နီက ပြီးပြည့်စုံလွန်းနေတာမသိဘူးလား ဒါမှမဟုတ်
ဘေဘီက ဟန်နီအတွက် မလုံလောက်နိုင်တာ များရှိနေတာလား ဟန်နီသာပျော်မယ်ဆို ဘေဘီက ဘာမဆိုလိုက်လျောပေးဖို့ အဆင်သင့်ဖြစ်ပြီးသားနော် ဒါပေမယ့် အဲ့ထဲမှာ လမ်းခွဲကြဖို့မပါဘူး"

"ဘေဘီရယ် ဘေဘီဒီထက်ပိုပြီး မနာကျင်ရခင် ရပ်ကြရအောင်ပါ"

"မရပ်ပေးနိုင်ဘူး ဘာလဲ ဂျီဆိုနဲ့ပြန်တွဲဖို့မလား ဂျီဆိုကရော ဘယ်လိုစိတ်မျိုးနဲ့ ပြန်လက်ခံရဲရတာလဲ"

"မဟုတ်ဘူးဘေဘီ
ဟန်နီကိုယ်တိုင်က သူ့ဆီပြန်သွားချင်တာ
သူက ခုထိလက်မခံသေးပါဘူး"

"ဟန်နီသူ့ဆီပြန်သွားချင်လည်း ဘေဘီလက်ခံပေးမယ် နားလည်ပေးမယ် ဒါပေမယ့် ဘေဘီနဲ့လည်း ဆက်တွဲပေးမှရမယ်"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘေဘီရာ"

"ဘေဘီ့ဖက်က လိုက်လျောပေးနိုင်တာ အကုန်ပဲဟန်နီ
ဟန်နီသူ့ဆီသွားချင်နေတယ်မလား သွားပါ
သူသာ ဟန်နီ့ကို ပြန်လက်မခံဘူးဆိုရင်တော့ ဘေဘီတစ်ယောက်တည်း အပိုင်ပေါ့"

"ဂျီဆိုက ဟန်နီ့ကို ပြန်လက်ခံပေးခဲ့ရင်ကော"

"စောင့်ကြည့်ကြတာပေါ့ သူသာလက်ခံပေးခဲ့ရင် ဘာလုပ်သင့်လဲ ဘေဘီစဉ်းစားပါ့မယ်"

ဟူးးး
ဆိုးရေ ဆိုးဆီကိုပြန်လာဖို့ လမ်းတွေက အနှောင့်အယှက်တွေ အတားအဆီးတွေနဲ့ ပိတ်နေရင်တောင် ဂျင်းက ရအောင်ကျော်ဖြတ်ပြီး လာခဲ့ပါ့မယ်နော်

"ဟယ်လိုဆိုး ပြောလို့ရလားဟင်"

"အရေးကြီးလား မကြီးရင် ဆိုးခဏနေကျရင် ပြန်ခေါ်ပေးမယ်"

"မကြီးဘူး ဆိုး ဒါပဲနော်"

ဆိုးကအလုပ်ရှုပ်နေတယ်ထင်တယ် ဘယ်လောက်ရှုပ်ရှုပ် ဂျင်းဆက်ရင်တော့ ဂျင်းဖက်က အရေးကြီးကိစ္စဖြစ်နေမှာစိုးလို့အမြဲကိုင်တတ်တယ်

ခုလိုမျိုးဂျင်းက သူ့ကိုတွေ့ချင်ယုံ စကားပြောချင်ယုံ သူ့အသံကြားချင်ယုံ ဆက်တာမျိုးဆိုရင်တော့ ဂျင်းက အလိုက်တသိနဲ့ ဖုန်းချပေးလိုက်တယ် သူအားတာနဲ့ ချက်ချင်းပြန်ခေါ်ပေးတတ်တာမို့ သူပြန်ခေါ်လာမယ့် အချိန်ကိုပဲ စောင့်နေလိုက်တော့တယ်

Unbelievable LoveWhere stories live. Discover now