လမ်းတွေကို တစ်ခါသွားဖူးရုံနဲ့ မှတ်မိတတ်တဲ့ ဂျင်းက ငယ်ငယ်ကတည်းက အိမ်ပြန်ဖို့လမ်းကိုလည်း ဘယ်တော့မှ မပျောက်ခဲ့ဖူးသလို အိမ်နဲ့တူတဲ့ ဆိုးဆီကို ပြန်သွားဖို့ကိုလည်း လမ်းမပျောက်ခဲ့ဘူး လမ်းတွေကိုမှတ်မိပြီး အိမ်ကိုမေ့ထားခဲ့ပေမယ့် မေ့သွားတာတော့ မဟုတ်ခဲ့ဘူး
"ဒီည ဂျင်းမပြန်တော့ဘူးနော် ဆိုးနဲ့ပဲအိပ်မှာ"
"ဆိုးက မနက်အစောကြီး ထသွားရမှာ ဂျင်းတစ်ယောက်တည်း ကျန်ခဲ့မှာပေါ့"
"ခုအချိန်ကိုလည်း ကြည့်လိုက်အုန်း ဂျင်းပြန်ဖို့ ဒီလောက်နောက်ကျနေပြီကို"
"အင်းပါ ဆိုးလည်း အတင်းပြန်ခိုင်းနေတာမဟုတ်ပါဘူး မနက် ဂျင်းတစ်ယောက်တည်း ကျန်နေခဲ့မှာစိုးလို့"
"ဂျင်းလည်း မနက်ဖြန် off မဟုတ်ဘူး 4 off"
(မနက် ၇ နာရီကနေ ညနေ ၄ နာရီထိ)"ဂျင်းမျက်နှာသစ်ချင်ရင်သစ်နော် တစ်ခုခုစားအုန်းမလား"
"မစားတော့ဘူး အများကြီးစားခဲ့တာကို.....
ခြေလက်တော့ဆေးအုန်းမယ်
အဝတ်အစားလည်း လဲမယ် ဆိုးဟာတစ်စုံလောက်ခဏချေး"ဆိုးက ဂျင်းစကားကြောင့် သဘောကျပြီး ပြုံးလိုက်တယ်
ရေချိုးခန်းထဲမှာ မျက်နှာသစ်ရင်း သွားပါတိုက်ချင်လာလို့ သွားတိုက်တံအသစ်တောင်းမလို့ လုပ်ပြီးကာမှ ဂျင်းတစ်ချက်ပြုံးလိုက်ပြီး
"ဆိုးရေ ဂျင်းသွားတိုက်တံမပါလာဘူးနော် အဲ့ဒါ ဆိုးရဲ့ဟာကို ယူသုံးလိုက်ပြီ"
ဟက်ကနဲရယ်လိုက်မိတဲ့ဆိုး
နောက်ပြီး 'မနိုင်ဘူးဂျင်းကို' လို့ ရေရွတ်ပြီး ခေါင်းခါလိုက်မိတယ်"ဆိုးကုတင်ကကျဉ်းတယ် အခန်းကလည်း ဒီတစ်ခန်းထဲရှိတာဆိုတော့ ဂျင်းက ဒီမှာပဲ အိပ်လိုက်နော်"
"ဆိုးးးး
ဆိုးကို လွမ်းနေတာလေ ဆိုးနဲ့လည်းစကားတွေအများကြီး ပြောစရာရှိသေးတယ်""ပြောကြတာပေါ့ဂျင်း
ဂျင်းကိုလည်း ပြောချင်တာတွေအများကြီးပဲ ဒါပေမယ့် ဂျင်းအရင်ပြောပါ""ဂျင်းကို တမင်သက်သက်အပါးဆီ လိုက်သွားအောင်လုပ်လိုက်တာမလား"
YOU ARE READING
Unbelievable Love
Fanfictionယုံကြည်မှု အပြည့်အဝထားပြီး တည်ဆောက်လို့ရပါ့မလားဆိုတာကို မယုံကြည်ရဲတော့တာမျိုး