"ချော က ဂျင်းနဲ့တွဲမှာနော် တီချယ်"
"ဂျင်းက လက်ခံလား"
"လက်ခံတယ်လေတီချယ် ချောတို့က နှစ်ဦးသဘောတူထားပြီးသား"
ဆိုးရဲ့ စကားကြောင့် ဂျင်းမှာ ချက်ချင်း မျက်နှာလေးရဲမှည့်လာတယ် ဘာကြောင့်ရယ်မသိ ရှက်နေမိသလို
ဆိုးလည်း ဂျင်းဖြစ်သွားးတဲ့ ပုံစံလေးကိုကြည့်ပြီး သူ့စကားကိုသူ ခုမှ အထာကောက်မိတော့တယ်
ဆရာမကတော့ ဆိုးကို စ နေကြမို့ စ လိုက်ပုံပါပဲ
စင်ပေါ်မှာ ဆိုးက မိန်းကလေးဆန်ဆန်ဂါဝန်လေးနဲ့ အရမ်းကိုချစ်ဖို့ကောင်းနေတာ
ဂျင်းရဲ့ ဈေးအကြီးဆုံးတွေထဲက တစ်ထည်ပေါ့ ဂျင်းကတော့ ဆိုးကို ကြည့်လို့ကိုမဝဘူး
သူ့ဂါဝန်က သူနဲ့တောင်လိုက်ချင်မှ လိုက်မှာဆိုပြီး ဘက်လိုက်ပြီးတော့ကို တွေးပေးမိလိုက်သေးတယ် ဂျင်းကတော့ boyish ဆန်ဆန် style လုပ်ရတာဆိုတော့ ဆိုးကို အားရပါးရကို ငေးလို့ရနေတာ ဘယ်သူမှလည်း သတိမပြုမိဘူးလေ
နေကာမျက်မှန်နဲ့လည်းမို့တော်သေးနှစ်ယောက်သား ဖက်ရမယ့်ကကွက်မှာ ဆိုးက ဂျင်းနဖူးလေးကို သိသိသာသာကို နမ်းလိုက်တယ်
"ဆိုးးးးး"
"ကကွက်မှားမယ် အာရုံစိုက် ပီပြင်သွားအောင်ထိလိုက်တာ"
ဟွန့် ထိလိုက်တာဆိုပဲ ဒါလားထိတာ
ဒါပေမယ့်
ငါကလည်း ဘာလို့ သဘောကျနေရတာလဲ
စင်ပေါ်မှာ တီးလုံးသံနဲ့အတူ ခုန်လွန်းတဲ့ ရင်ခုန်သံကရောဘယ်လိုခံစားချက်တွေပေးလိုက်တာလဲဆိုးရယ်
"ဂျင်းးး
ဆိုးကို senior တန်းက Oppa က စာပေးတယ်"ဂျင်းရင်ထဲ အောင့်တက်လာပြီး စိုးရိမ်စိတ်အပြင် သိမ်ငယ်စိတ်ပါ ဝင်လာမိတယ် ဆိုးကို ဆုံးရှုံးရတော့မှာလားဆိုတဲ့ ခံစားချက်ကြီးက နာကျင်လိုက်တာ
"ဆိုး ဖတ်ပြီးသွားပြီလား"
"အင်း ရည်းစားစာ ပထမဆုံးရဖူးတာပဲ ရင်တွေတုန်လိုက်တာ ပျော်သလိုခံစားချက်ကြီး ရည်းစားစာ အပေးခံရဖူးပြီ ဟီးးးး
ကပွဲပြီးကတည်းက လိုက်နေတာ စာက ခုမှပေးတာ မပြောရဲလို့တဲ့"
YOU ARE READING
Unbelievable Love
Fanfictionယုံကြည်မှု အပြည့်အဝထားပြီး တည်ဆောက်လို့ရပါ့မလားဆိုတာကို မယုံကြည်ရဲတော့တာမျိုး