Part 14 (Final)

1.2K 53 22
                                    

ဆိုးကျောင်းကနေဘွဲ့ယူဖို့က ပြန်သွားရအုန်းမှာ ခုက ကျောင်းပြီးလို့ ပြန်ရောက်နေပြီ
ပြန်ရောက်နေတာ တစ်လလောက်ရှိပြီ
နောက်လကျ ဘွဲ့ယူဖို့သွားတဲ့အခါ ဂျင်းကို အုပ်ထိန်းသူနေရာကနေခေါ်သွားမှာ

ပြန်ရောက်ပြီးကတည်းက ဆိုးက အစိုးရဆေးရုံမှာ ငါးနှစ်မပျက်မကွက်ပြန်လုပ်ပေးရမှာနဲ့ နောက်လဘွဲ့ယူဖို့သွားရအုန်းမှာမို့ အပြင်ဆေးရုံတွေမှာ အလုပ်မဝင်ရသေးဘူး

"ဆိုးရေ ဒီနေ့ဂျင်းက ဆိုးကို လက်ဆောင်ပေးစရာရှိလို့ တူတူသွားရအောင်"

"ဆိုးလည်းမေးမလို့ ဆိုးကိုပြန်ရောက်ရင်
စပရိုက်တိုက်မယ်ဆိုပြီး ခုထိဘာမှလည်းမထူးခြားသေးလို့"

"ဆိုးလည်းရောက်ကတည်းကမအား ဂျင်းကလည်း လက်စသတ်စရာရှိနေတာမို့လေ"

ဂျင်းကအလုပ်ကို တကယ်ကိုကြိုးစားတာ ဆိုးနဲ့တွေ့ချိန်က ပြန်ရောက်တဲ့တစ်လအတွင်း လက်ချိုးရေလို့ရတဲ့အထိ

ဂျင်းရဲ့လစာက အရမ်းများတာတော့ဟုတ်တယ် ဂျင်းက သူအလုပ်လုပ်တဲ့ဆေးရုံမှာ လူနာရှင်တွေအရမ်းသဘောကျပြီး နာမည်ကြီးတယ်
ဂျူတီ 3 shifts မှာ night shift က US $ 1000 ရတယ် day မှာလည်း evening shift ကိုလည်းယူထားသေးတယ် ဒီဟာကတော့ 700 USD ရတယ်လေ ဒါပေမယ့် မနက်ခင်းပိုင်းတွေမှာလည်း ဂျင်းက မအားဘူး ဘာလုပ်နေလဲမေးရင်လည်း ပြုံးပြုံးကြီးနဲ့ လူကိုလာလာနမ်းပြီး သိရမှာပေါ့ ခဏစောင့်ဆိုတဲ့စကားပဲပြောတာ

"ဆိုးးး
ဟိုးးးမှာမြင်နေရတဲ့ဟာကိုကြည့်လိုက်
ဂျင်းပေးမယ့်ဆိုးအတွက် လက်ဆောင်ကအဲ့တာပဲ"

"ဘယ်ဟာလဲဂျင်း ဆိုးမမြင်ဘူး"

"ဟာ ဆိုးကလည်းကွာ ဒီလောက်အကြီးကြီးကို သေချာကြည့်ကွာ ဂျင်းဒီလောက် အပင်ပန်းခံပြီး အသည်းအသန်လုပ်ထားရတာကို
မြင်အောင်ကြည့်"

မဟုတ်သေးပါဘူး ဘာကိုပြောတာပါလိမ့် ဒုက္ခပါပဲ

"ဂျင်းးးးး
မဟုတ်မှ တကယ်ကြီးလား မဖြစ်နိုင်တာ
ဒါကြီးက အဟုတ်လား"

"အဟုတ်ပဲပေါ့ဆိုးရယ်"

!JJ CARDIAC HOSPITAL!

"ဆိုးကနှလုံးအထူးပြုဘာသာရပ်နဲ့ ဘွဲ့လွန်ယူလာတာမို့ ဒီဆေးရုံက ဆိုးအတွက်ပေါ့"
"ဆိုးမပျော်ဘူးလားလို့"

Unbelievable LoveWhere stories live. Discover now