Ep -1

3.5K 173 22
                                    

နီဆွေးဆွေးလမ်းသွယ်သွယ်လေးတလျှောက် ရွက်နုဝါတို့သည် နေရာအနှံ့ ဖြန့်ကျန့်နေရာယူလို့ထားလေသည် ။ ထို့ပြင် ရွက်ခြောက်တို့၏ အချင်းချင်းပွတ်တိုက်ကျီဆယ်သံတို့သည်လည်း သူ့နားဝအတွင်းသို့ စီးဝင်မြည်ဟည် လို့နေပြန်၏ ။ နို့နှစ်ရောင်သမ်းလွန်း၍  ရဲသဲသဲဖြစ်လို့နေသည့်  ခြေဖဝါးလေးအား ထပ်ကာပင့်လှမ်းမိတော့  ထိုခြေဖဝါးသေးသေးလေးသည် ရွက်ခြောက်ဝါတွေကြား ပနှံသင့်စွာ မြှုပ်ဝင်လို့သွားပြန်၏ ။ သူ သဘောတကျပင် ပြုံးလိုက်မိသည် ။

သဘောကျရသည့် ရွက်ကြွေတွေနှင့် သဘောကျရသည့် ရာသီစက်ဝန်း ။ မကြာမီ အချိန်စက်ဝန်းထဲမှာ သူနှစ်သက်သည့် နေကြာတို့သည်လည်း နေရာအနှံ့ဖူးပွင့်၍လာကြ တော့မည်မလား ။

'' ဆရာ... ဆရာ ''

သူ့ကျော၏ အနောက်ဘက်မှထွက်လို့လာသည့် အသံတို့သည် တရိုတသေ လေးလေးစားစား ။ တည်တင်းသော မျက်နှာမျိုးမဟုတ်ပေမဲ့ ပြုံးရယ်နေသော နှုတ်ခမ်းအလွှာတို့သည်တော့ တင်းတင်း,စိ ပိတ်၍သွားလေ၏ ။ ထို့နောက် ကျောဘက်မှ ကလေးတွေဆီအား မျက်နှာမူလိုက်ကာ ခေါင်းအားအသာဆတ်ပြမိလိုက်သည် ။

'' မဂ်လာပါ ဆရာ...သမီးက တန်းခွဲ B ကအတန်းခေါင်းဆောင်ပါရှင့်...ဆရာ့အချိန်မို့ လာ..လာ ကြိုပေးတာပါ ''

ခေါင်းအားကျိုးကျမတပ်ငုံ့ကာ ကြောက်ရွံဟန်ပေါ်နေသည့် အတန်းခေါင်းဆောင်ကလေးကြောင့် သူအသာအယာပြုံးပြကာပင် ဘောပင်နှစ်ချောင်းနှင့် စာအုပ်တစ်အုပ်အား ထိုကလေးငယ်လက်ထဲသို့ လွှဲပြောင်းပေးလိုက်မိသည် ။

'' ကျေးဇူးအများကြီးတင်ပါတယ် ခဏနေ ဆရာလိုက်လာခဲ့မှာမို့ စာသင်ဖို့ အဆင်သင့်ပြင်ထားပေးကြပါ ''

သူသတိပေးလိုက်သည်နှင့် ထိုကလေးငယ်သည် ခေါင်းကိုတရိုတသေ ညိတ်ပြ၍ အဆောင်ဘက်သို့ ချိုးကွေ့ဝင်လို့သွားလေ၏ ။ တပြိုင်တည်းဆိုသလို အသံသေးသေးလေးတို့သည်လည်း နားထဲ အစီအရီပျံ့လွှင့်ကျန်ခဲ့လို့ လာလေသေးသည် ။

'' နင်ပြောတော့ ဆရာသေးသေးလေးက အရမ်းဆိုးတာဆို...အခုကြည့်ဦး ငါတို့ကိုတောင် ပြုံးပြသွားသေးတယ် ''

နေကြာတွေကိုရင်ဝယ်ပိုက်လို့ထားမယ် 🌻 (ongoing) Where stories live. Discover now