EP-16

1K 85 22
                                    

အဖြူရောင်ဖဲသားစက္ကူဖြူလွှလွှလေးသည် ရွှေရောင်အနားကွပ်လို့ထားသည့် ဘောင်အတွင်း၌ထည်ဝါစွာရှိလို့နေသော်လည်း ခပ်ရဲရဲလက်တစ်စုံတို့၏ ခြေမွခြင်းကြောင့် ရုတ်တရက်ဆိုသလိုတစ်စတစ်စကျိုးကြေလို့သွားလေ၏ ။

'' အတင်းအဓ္ဓမ,ဖန်တီးယူထားတာပဲ...ဒါတွေလိုလို့လား  ´´

ခပ်ပေါ့ပေါ့စကားတစ်ခွန်းအားဆိုရင်း သူ့လက်ထဲကဖိတ်စာအား အဝေးသို့ပစ်လွှင့်မိလိုက်သည် ။ ထိုအခါ မျက်ဝန်းတစ်စုံသည် သူ့အားတချက်မျှခပ်စိမ်းစိမ်းလှမ်းကြည့်လို့လာလေ၏ ။

'' အများကြီးထဲကမှ အဲ့တစ်ခုကိုရွေးတယ်ဆိုတော hyung မျက်စိထဲ ထင်သာမြင်သာရှိလို့ဖြစ်မယ်... မောင် အဲ့တစ်ခုပဲသုံးလိုက်မယ်နော် ´´

ဘာမှမဖြစ်သလို ပြန်အသိပေးလာသောစကားတွေကြား သူဟက်ခနဲပင်ရယ်ချမိလိုက်သည် ။ ဘယ်လောက်တောင် မျက်နှာပြောင်တိုက်လိုက်သလဲ Jeon Jungkookက ။

'' ဝတ်စုံကိုတော့ hyung ကြိုက်တဲ့အဖြူရောင်ပဲ မောင်စီစဥ်ထားလိုက်တယ်...မနက်ဖြန်

'' အနက်ရောင်ပြောင်းပေး ''

အဖြူရောင် ။အဖြူရောင်ဆိုတာ မင်္ဂလာရှိမှသုံးလို့ရတဲ့အရောင်မျိုးလေ ။ သူ့အတွက်တော့အရာရာက ' အ ´ မင်္ဂလာဖြစ်လို့နေခဲ့တယ်မလား ။

'' မောင် စီစဥ်လိုက်ပါ့မယ် ´´

သက်ပြင်းချသံနှင့်အတူ ထိုစကားတစ်ခွန်းသာ ကပ်ရပ်ပါလို့လာလေ၏ ။ သူခနဲ့ပြုံးတစ်ခုအား ဖန်တီးကာပင် လက်ထဲက စီးကရက်အားနှုတ်ခမ်းဖျားသို့ တေ့ယူမိလိုက်၏ ။ ထို့နောက် အသင့်ရှိလို့နေသည့် မီးခြစ်အား လက်အသာလှမ်းယူရန်ပြင်လိုက်မိသည် ။

'' အဲ့ဆေးလိပ်တွေက ဘယ်ကတည်းကသောက်တတ်နေခဲ့တာလဲ ! ´´

မီးခြစ်အားလှမ်းယူနေသောလက်တို့သည် လက်ဖဝါးကြီးကြီးတွေကြား
နှစ်မြုပ်ပါလို့သွားလေ၏ ။ သူသည် အရှေ့ကလူနည်းတူ တချက်အံကြိတ်မိလိုက်သည် ။

'' ငါ့လက်ကိုလွှတ်စမ်း ! ´´

မျက်ထောင့်နီနီတို့သည် သူ့အားစူးရဲစွာစိုက်ကြည့်လို့နေသည့်အပြင် လက်ချောင်းရှည်ရှည်တို့သည်လည်း သူ့လက်အားနာကျင်စေသည့်တိုင်တင်းကြပ်လို့လာသည်မို့ သူအော်ဟစ်ပြောလိုက်မိသည် ။

You've reached the end of published parts.

⏰ Last updated: Dec 22, 2023 ⏰

Add this story to your Library to get notified about new parts!

နေကြာတွေကိုရင်ဝယ်ပိုက်လို့ထားမယ် 🌻 (ongoing) Where stories live. Discover now