Ep-9

626 84 4
                                    

ဒုန်း!

ဇွန်းသံ ခက်ရင်းသံမှလွဲ၍တိတ်ဆိတ်နေသော private dining room ၏ တံခါးရွက်နှစ်ခုသည် ဒုန်းကနဲ ဆောင့်ဖွင့်သံနှင့်အတူ တစ်ဖက်တစ်ချပ်ဆီသို့ ​ပြေးကပ်လို့သွားလေ၏ ။ သူမျက်လွှာတချက်အား ပင့်ကြည့်လိုက်ရင်းပင် နှုတ်ခမ်းပါးပါးများအား အေးအေးလူလူ
တစ်သျှူးနှင့်အသာအယာဖိသုပ်မိလိုက်သည် ။ သူ့ကို ဒီလို ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲတာဆိုရင် သူ့သားတစ်ယောက်ကလွဲ၍ ရှိလို့မနေခဲ့ဘူးမလား ။

'' ထူးထူးဆန်းဆန်း မာမီ့ဆီလာတွေ့လို့ပါလား ''

ကျောင်းပိတ်ရက်တွေဆို သူ့အဘွားအိမ်ကလွဲ လမ်းကြောင်းမရွေ့လာတတ်သော Jungkook သည် ထူးထူးခြားခြား ရောက်ချလို့လာသည်မို့ ခနဲ့တဲ့တဲ့ မေးခွန်းထုတ်လိုက်မိသည် ။ ထိုအခါ ဒေါသကြောင့် တင်းမာနေသော မေးကြောတို့သည် ပေါက်ထွက်မတပ်ဖြစ်လို့လာလေ၏ ။သူနှုတ်ခမ်းများအားတချက်တွန့်ရုံ ပြုံးလိုက်မိသည် ။

'' ဒီလောက်ထိ လုပ်ဖို့လိုလား ! ''

'' ဘာကိုလဲ? ''

အကြောင်းအရင်းကိုသိပေမဲ့ သူတမင်ပင်မေးခွန်းပြန်ထုတ်မိလိုက်သည် ။ထိုအခါ  Jungkook ဆီမှ ဟက်ကနဲ ရယ်သံတစ်ခုကပ်လျက်ထပ်ပါလို့လာလေ၏ ။

'' ကြည့်ရတာ အထင်မှားနေပုံပဲ! ဒီကျောင်းကိုတက်ဖို့​ပြောတုန်းက ငြိမ်လက်ခံခဲ့တာ အဘွားနဲ့ မမ မျက်နှာကြောင့်နော် ၊ ထားရာနေ စေရာသွားတယ်ထင်ပြီး  ဘဝထဲဒီထပ် ပိုဝင်မစွက်ဖက်ချင်လာနဲ့ ''

ပြတ်ပြတ်သားသားပြောထွက်လာသော စကားတို့သည် တကယ့်ပင်အကြောက်အလန့်မရှိ ။

'' အများကြီးရိုင်းလာတာပဲ ငါတို့သားလေးက ''

အသင့်ရှိနေသည့် ဝိုင်ခွက်အား ဟန်ပါပါလှည့်ယူရင်း သူခွန်းတုံ့ပြန်လိုက်မိသည် ။ သို့သော် Jungkookသည် တန့်မသွားသည့်အပြင် သူ့အားစူးစိုက်ကြည့်၍လာကာ ~~

'' အဟွန်း!  ဗီဇလေ ၊ ဘယ်ကဆင်းသက်လာတယ်ထင်လဲ?

သူ့စိတ်ထဲ ထောင်းကနဲ ဖြစ်လို့သွားကာ  ဝိုင်ခွက်အားတင်းနေအောင် ဆုပ်ကိုင်မိလိုက်သည် ။

နေကြာတွေကိုရင်ဝယ်ပိုက်လို့ထားမယ် 🌻 (ongoing) Where stories live. Discover now