Ep-8

651 87 2
                                    

ကောင်းကင်စက်ဝန်းငယ်သည်  ငွေမှင်ရောင်ပင်လယ်ရေပြင်ကြီးနှင့်အတူတဖြေးဖြေး အရောင်ဖျော့တော့လို့သွားလေ၏  ။ သူမျက်တောင်မခတ်တမ်းပင် ပင်လယ်နှင့် နေဝင်ချိန်ဆည်းဆားအား တမေ့တမောငေးမောကြည့်နေမိလိုက်သည် ။ တ​နေ့တာအတွက် နေမင်းကြီး၏ အလုပ်တာဝန်တွေပြီးဆုံးလို့သွားခဲ့ပြီပေါ့ ။

'' Apollo နဲ့ Clytie လည်း ဒီလိုပဲ ခွဲခွာခဲ့ကြရတယ်ထင်တယ် ''

ကိုယ်ပေါ်မှရင်စေ့ဆွယ်တာလက်ရှည်အပါးလေးအား တဖက်နှင့်တဖက်လုံနေအောင်ဆွဲကပ်လိုက်ကာပင်  သူခပ်တိုးတိုးရေရွတ်မိလိုက်သည် ။ထို့နောက်ခြေလှမ်းတွေအား Hotel ရှိရာသို့ပြန်ဦးတည်လှည့်ယူမိလိုက်သည် ။ ထိုအခါ ခြေဖဝါးအောက်ကသဲမှုန်ဝါးတို့၏ နူးနူးညံ့ညံ့အထိအတွေ့အား သူခံစားမိလိုက်ရ၏ ။

''  အေးတတ်ရင်လည်း ထူထူလေးဝတ်ထားမှပေါ့ ''

နားသည်စပ်နားသို့ ခပ်နွေးနွေးရိုက်ခတ်လို့လာသည့် စကားသံအဆုံး
ဒူးထိရှည်သည့် ခပ်ထူထူ သိုးမွေးအင်္ကျီတစ်ထည်သည်သူ့ကိုယ်ပေါ်သို့အလိုက်သင့်လေး လွှားခြုံလို့လာလေ၏ ။

'' ငါမကြိုက်ဘူး Jeon Jungkook ''

''.........''

'' ငါ့အတွက်နဲ့ ဒီမှာမင်းနေရစ်ခဲ့တာရော အခုလိုမလိုအပ်တာတွေ
လိုက်လုပ်ပေးတာရော ''

တပူတပင်ဖြစ်လို့နေသည့် မျက်ဝန်းတွေထဲ စက္ကန့်ပိုင်းမျှ စိုက်ကြည့်လိုက်ကာပင် သူနှုတ်တိုက်ရွတ်ဆိုမိလိုက်သည် ။ ထိုအခါ ထိုကောင်လေး၏မျက်နှာပြင်ထက်၌ အမျိုးအမည်မသိတော့ အရိပ်အယောင်တချို့တို့သည် လျှပ်ကနဲနေအောင်ဖြတ်ပြေး၍သွားလေ၏ ။ သို့သော် စကားရယ်လို့ တစ်ခွန်းတလေပင် ခွန်းတုံ့ပြန်၍မလာခဲ့ ။ ပုံမှန်လိုပင် သူ့မျက်နှာကိုသာ ခပ်မှိုင်းမှိုင်းလေးငေးစိုက်ရပ်ကြည့်၍နေလေ၏ ။

'' ဆရာနဲ့တပည့်ကြားမှာ ဒီလိုလွန်ကဲတဲ့ ဂရုစိုက်မှုတွေဆိုတာမရှိဘူး...အဲ့တာကိုမင်းသိတယ်မလား ငါကဆရာတစ်ယောက်မို့ ငါ့ကို ဆရာတစ်ယောက်လိုပဲ ဆက်ဆံပေးပါ ''

ကိုယ်ပေါ်ကခြုံလို့ထားသည့် အင်္ကျီအားပြန်ချွတ်ယူလိုက်ကာပင် ထိုကောင်လေး၏ လက်ထဲသို့သူကမ်းပေးမိလိုက်သည် ။

နေကြာတွေကိုရင်ဝယ်ပိုက်လို့ထားမယ် 🌻 (ongoing) Where stories live. Discover now