Ep-4

755 110 10
                                    

' Helianthus Annuus ' နေကြာတွေကို ကိုယ်စားပြုတဲ့Nickname အဖြစ် သိပ္ပံ ပညာရှင်တွေသတ်မှတ်ပေးထားသည့်နာမည်လေး ။

ဂရိဒဏ္ဍာရီတစ်ပုဒ်ထဲတွင် Clytie ဟုခေါ်သော ရေနတ်သမီးတပါးသည် နေနတ်ဘုရား Apollo နှင့် ချစ်ခင်စုံမက်ခဲ့ကြသည်ဟုဆိုစမှတ်ပြုခဲ့ကြသည် ။ အစပိုင်းတွင်တော့ နေနတ်ဘုရားသည် Clytie အပေါ်၌ အမှန်တကယ်ပင်ချစ်ခင်မြတ်နိူးခဲ့သော်လည်း နောက်ပိုင်းသော် တခြားသော နတ်သမီးအပေါ်သို့ ပြောင်းလဲချစ်ခင်စုံမက်၍သွားလေသည် ။ဤသို့သော် ဖောက်ပြားမှုများအပေါ် ရေနတ်သမီး Clytie သည်အငြိုးအမျက်တစ်ခုအနေဖစ်ထားကာ ထိုတစ်ခြားသောနတ်သမီး၏ ဖခင်ဆီသို့ အကြောင်းကြားအမျက်ရှမှုများပို့၍လာလေ၏ ။ ထိုအခါ ထိုနတ်သမီး၏ဖခင်သည် တခြားနတ်ဘုရားများကြားအရှက်ရမှုများစွာရကာ  သူ၏သမီးအား အရှင်လတ်လတ်မြေမြုပ်စေကာ  သဂြိုလ်၍အပြစ်ပေးစေ၏ ။ဤအကြောင်းအရာအား ကြားသိသော နေနတ်ဘုရားသည် Clytie အပေါ်သို့ အမျက်ဒေါသပြုကာ စွန့်ပစ်ချင်းအဖြစ်သို့ထားလေသည် ။ သို့သော် Clytie ၏ နေနတ်ဘုရားအပေါ် ထားသောချစ်ခြင်းတရားသည်တော့ တစိုးတစိမှ ပြောင်းလဲသွားခဲ့ခြင်းမရှိခဲ့ပေ ။ သူမသည် နေနတ်ဘုရား၏ ရွေ့လျားသွားလာမှုကို မြေပြင်၏ကျောက်ဆောင်တစ်ခုပေါ်တွင်လဲလျောင်းခြင်းပြုကာ နေ့စဥ် မစားမသောက်ဘဲ စောင့်မျှော်ကြည့်ရှူတတ်လေ၏ ။ နေမင်းပြန်အလာကို သူအမှန်တကယ်ပင်စောင့်မျှော်၍နေခဲ့လေသည် ။ သို့သော် ဤကဲ့သို့သော နေ့စဥ်ဒူဝ ဖြစ်စဥ်၏ 9 ရက်မြောက်နေ့တွင် Clytie သည်  ''နေ၏ဦးတည်ရာဆီသို့လှည့်သွားသော Heliotrope တနည်းအားဖြင့် နေကြာပန်းတစ်ပွင့်''အဖြစ်သို့ပြောင်းလဲ၍သွားခဲ့လေသည် ။

Jeanie Lang ၏ Clytie ဆ်ိုသည့် စာအုပ်လေးအား သူအသာအယာပင် ပိတ်ချမိလိုက်သည် ။  သူ့အတွေးထဲတွင်တော့ Clytie သည် သနားဖို့ကောင်းတော့ ရေနတ်သမီးတစ်ပါးအဖြစ်သာ ထင်ကျန်၍နေလေ၏ ။ သို့သော် သူမ၏ နေနတ်ဘုရားအပေါ်ထားသော ချစ်ခြင်းသည်တော့ တကယ့်ကိုခြွင်းချက်မရှိပင်ဖြစ်သည် ။ ဖောက်ပြားသွားခဲ့တာတောင် သူမသည် နေနတ်ဘုရားအပေါ်  မပြောင်းမလဲပင်ချစ်ခင်မြတ်နိုး၍ နေနေတုန်းပင်ဖြစ်သည် ။ ထို့ကြောင့်လည်း နေကြာတွေရဲ့ အဓိပ္ပါယ် သည် မယိမ်းယိုင်သောယုံကြည်မှု( သစ္စာ) နှင့် ခြွင်းချက်မရှိသောချစ်ခြင်း(မြတ်နိုးခြင်း) ဟူ၍ ကမ္မည်းတင်ခဲ့ခြင်းဖြစ်လိမ့်မည်ဟု သူအသိအမှတ်ပြုလိုက်မိသည် ။

နေကြာတွေကိုရင်ဝယ်ပိုက်လို့ထားမယ် 🌻 (ongoing) Where stories live. Discover now