Ep-5

740 103 2
                                    

နေကြာပန်းတွေရဲ့ ရနံ့က ဖြတ်ပြီးကာစ(သစ်စ) လေးတွေရဲ့ အနံနဲ့တူတယ်တဲ့ ။ ဥယျာဥ်ခြံတစ်ခုထဲရောက်သွားသလိုခံစားချက်ရနံ့မျိုး ။သဘာဝသစ်ပင်တွေ မြေနံ့သင်းသင်းလေးတွေက ပမာဏကျကျ ရောယှက်စပ်နွယ်ထားတဲ့ အနံ့မျိုးတဲ့ ။

လက်လေးနှစ်ဖက်အား အသာအယာဆန့်ထုတ်ရင်း ထိုရနံ့ကို တဝကြီးရှူရှိုက်မိလိုက်သည် ။

'' တချို့တွေက နေကြာမှာအနံ့မရှိဘူးတဲ့ ၊ တချို့တွေကကျ နေကြာရနံ့က ခပ်စူးစူးနဲ့ နံတယ်တဲ့ ''

မြို့ထဲကပန်းဆိုင်မှ  Prewedding အတွက်နေကြာတွေလိုချင်တယ်ဟုဆိုကာ မနက်စောစောသူ့ဆီသို့ရောက်လို့လာသည့် အမျိုးသမီး၏ စကားကြောင့်သူတချက်ပြုံးလိုက်မိသည် ။

'' အမကရောဘယ်လိုထင်လဲ?  ''

''အမတော့ ပထမလူတွေထဲပါမယ်ထင်တယ် အရင်ကအနံ့မရှိဘူးလို့ပဲထင်ခဲ့တာ ''

သူခပ်ဟဟရယ်လိုက်မိရင်း ခေါင်းသာဆတ်ပြမိလိုက်သည် ။ သူလက်ခံပါသည် ။ အများစုက အနံ့အဆင်းနဲ့ပတ်သက်တဲ့ အလှပန်းများတွေကိုသာ စိတ်ဝင်တစားစူးစမ်းကြပေမဲ့ နေကြာပန်းကိုတော့ နေကြာစေ့ထွက်တယ်ဆိုလောက်သာ  သိထားကြသည်မလား ။

'' သဘာဝကျကျထွက်တဲ့အနံ့ဆိုတော့ လူတွေအသိအမှတ်ပြုမှုနည်းနေတဲ့သဘောမျိုးပေါ့ အမ ၊ တကယ်တော့ နေကြာပန်းတွေက သင်းပါတယ် ''

စိတ်ကြိုက်ရွေးချိုးလို့ထားသည့်  အလှဆင်လို့ရမည့် အသင့်တော်ဆုံးအရွယ်နေကြာတွေအား ထို'အမ 'အားကမ်းပေးလိုက်ကာပင်
နေကြာတွေအစား သူဝံဝံကြွားကြွားဆိုပြမိလိုက်သည် ။ ထိုအခါ ထိုအမျိုးသမီးသည်လည်း သူ့အားနှစ်လိုလက်ရပင် ပြုံးပြ၍လာလေ၏ ။

'' ဒါကြောင့် ပတ်ပတ်လည်နေကြာတွေရှိတာတောင် ဒီခြံကိုပဲရွေးလာကြတာထင်တယ် ''

သူအသိအမှတ်ပြုသည့်နှယ်ခေါင်းသာ အသာငြိမ့်ပြမိလိုက်သည် ။ တကယ်လည်း ဒီခြံလေးသည် တခြားခြံတွေနှင့်ယှဥ်ရင် ပို၍ရောင်းအားသာလှသည်မို့ ။

'' နောက်လည်းလိုရင် လာခဲ့ပါအမ ၊ ကျွန်တော် အဆင်ပြေအောင်
ကြည့် ချိုးပေးပါ့မယ် ''

နေကြာတွေကိုရင်ဝယ်ပိုက်လို့ထားမယ် 🌻 (ongoing) Where stories live. Discover now