Ep-14 ( Part -1 )

650 76 11
                                    

လက်ချောင်းသေးသေးလေးတို့သည် စာအုပ်တွေနှင့်အသာကျနေသည့်နှယ် Counter ရှေ့ လူရောက်လို့လာသည်နှင့် Auto ခေါက်ရိုးညီညီအမှတ်အသားလေးပေးလိုက်ပြီးသား ဖြစ်လို့နေလေ၏ ။

'' ဒီနေ့တော့ ဒီနှစ်အုပ်ပဲယူမယ်နော် လူကြီး ''

ဆံပင်ရှည်ရှည်တွေအား Highlight ပန်းရောင်လေးဖောက်လို့ထားကာ ခပ်ပြေပြေကောက်ကြောင်းလေးပေါ်ရုံသာ ကောက်လို့ထားသည့် ကလေးမလေးသည် သူရှေ့သို့ခပ်ထူထူစာအုပ်လေးနှစ်အုပ်ထိုးပေးလို့လာလေ၏ ။

'' ဖတ်ဖြစ်မှာလဲမဟုတ်တဲ့ စာအုပ်တွေကို ခဏခဏလာလာဝယ်နေရတာ မပင်ပန်းဘူးလား? ''

သူထိုနှစ်အုပ်အား ထိုကလေးမရှေ့သို့ပြန်ထိုးပေးလိုက်မိသည် ။
စာအုပ်ဆိုင်လေး စဖွင့်သည့်အချိန်မှစ၍ ထိုကလေးမသည် သူ့ဆီသို့အကြောင်းအမျိုးမျိုးပြကာလာနေခြင်းဖြစ်သည် ။ ထို့ကြောင့်လည်း အသက်အရွယ်နှင့်မဆိုင်သော စာကြီးပေကြီးစာအုပ်တွေအား သူပြန်သွားထားစေရန် ထိုးပေးနေမိခြင်းပင် ။

'' ဒါဆိုလည်း တောင်းဆိုထားတဲ့ ကိစ္စကိုလိုက်လျောပေးလေ ''

သူခေါင်းသာခါရမ်းပြမိလိုက်ကာ ဖတ်လက်စာအုပ်အား ပြန်အာရုံစိုက်ရန်ပြင်လိုက်မိ၏ ။

'' ဒီနှစ်ပဲသင်ပေးလို့မရဘူးလား? ဒီနှစ်တစ်နှစ်ထဲပဲလေ ''

သူဖတ်နေသည့် စာအုပ်အားလက်နှင့်ပိတ်ချလိုက်ကာ ထပ်မံပြောလို့လာသည့် ထိုကလေးမ​ကြောင့် သူမျက်နှာကြောကြောတင်းတင်းနှင့်ပင် စူးနေအောင်စိုက်ကြည့်ပေးလိုက်မိသည် ။ ထိုအခါမှသည် ထိုကလေးမသည် လက်အားအသာဖယ်ချလို့သွားလေ၏ ။

'' Sorry လူကြီး....Nara ရိုင်းသွားမိတယ် ''

သူစိတ်ရှုတ်ရှုတ်နှင့်ပင် သက်ပြင်းကိုသာ တိုးချမိလိုက်သည် ။

'' ငါ စာမသင်တော့ဘူးဆိုတာ မင်းကိုနားလည်အောင် ပြောပြီးပြီမလား ၊ ဘယ်တော့မှလည်း သင်မှာမဟုတ်သလို ဘယ်သူ့ကိုမှလဲမသင်ပေးဘူး ၊ အဲ့တာကြောင့် ဒီကိစ္စကိုပဲ မင်းထပ်ပြောနေမယ်ဆိုရင် နောက်နေ့ကစပြီး ငါ့ဆိုင်ကိုမလာပါနဲ့! ငါမကြိုဆိုနိူင်ဘူး! ''

နေကြာတွေကိုရင်ဝယ်ပိုက်လို့ထားမယ် 🌻 (ongoing) Where stories live. Discover now