Ep-6

731 88 4
                                    

'' ဘယ်မိဘတွေကများ သူတို့သားသမီးအသက်ကို
အတ္တတွေနဲ့ယှဥ်ပြီး ရွေးချယ်ကြလို့လဲ ! ''

Namjoon hyung ၏အိမ်ထဲသို့ ခြေလှမ်းချရန်အပြင် ဧည့်ခန်းဘက်မှခပ်စူးစူးထွက်လို့လာသည့် အသံလေးကြောင့် သူခြေလှမ်းတွေအားတုံ့ခနဲ နေအောင် ရပ်တန့်ပစ်လိုက်မိသည် ။ ထို့နောက် မျက်စံသေးသေးလေးအား အလုပ်ပေးလိုက်ကာပင် ထိုအသံလာရာဆီသို့ဝေ့ဝဲကြည့်လိုက်မိ၏။ Jungkook သည် ဧည့်ခန်းအတွင်းတွင်ရှိလို့နေကာ တစ်စုံတစ်ယောက်နှင့် ph ပြောဟန်ပြု၍နေလေသည် ။

''...... ''

'' စိတ်ချပါ ....ကျွန်တော်ကတော့ ခင်ဗျားအရိပ်အောက်
ကနေ လွတ်အောင်ကိုရုန်းထွက်မှာ ! ''

အံအားတင်းနေအောင် ကြိတ်ကာပြောထွက်လိုက်ပုံသည် တကယ့်ကို နာနာကျဥ်းကျဥ်းနှင့်ပင် ။

'' ......''

'' အမေဆိုရင် အမေတစ်ယောက်ရဲ့မေတ္တာတွေရှိခဲ့ရမှာပေါ့ ''

အဖျားခတ်လို့သွားသည့် အသံနှင့်အတူ ထိုကောင်လေး၏ မျက်သားနီနီတို့မှမျက်ရည်တစ်စက်သည်လည်း သူ့ရှေ့မှာပင်လွင့်ကနဲ ကြွေဆင်းလို့သွားလေ၏ ။ထို့ကြောင့်သူလည်းမျက်နှာလွှဲကာပင် ထိုနေရာမှရှောင်ထွက်ပေးရန်ပြင်လိုက်မိသည် ။ ဘယ်လိုဆိုဆို သူ့ကြောင့်နဲ့ ထိုကောင်လေးအနေရခက်၍သွားလေမည်မလား ။

'' Jimin ''

သို့သော် ခြေလှမ်းတွေသည် ရည်မှန်းချက်အတိုင်း အထမြောက်၍မသွားခဲ့ ။ Namjoon hyung သည် သူ့နာမည်အား လှေကားထိပ်မှ စီး၍ခေါ်လိုက်ခြင်းကြောင့် ဖြစ်သည် ။ထို့ကြောင့် သူလည်းမလုံမလဲနှင့်ပင် ဧည့်ခန်းအတွင်းမှ ကောင်လေးဆီသို့ အကြည့်ပို့မိလိုက်၏ ။ ထိုအခါထိုကောင်လေး၏မျက်ဝန်းတို့တွေသည်လည်း သူ့ဆီသို့ရောက်လို့နေလေပြီ ဖြစ်သည် ။

'' ရောက်နေတာကြာပြီလား ''

Namjoon hyung ၏ အမေးစကားအား,သူအာရုံမရပေမဲ့ ခေါင်းကိုတော့ တွင်တွင်ခါပြမိလိုက်သေးသည် ။

'' ခုမှရောက်တာ hyung ''

မုသားဟုမမည်သော မုသားသည် ထိုကောင်လေး၏ စိတ်တွေအားသက်သာသွားစေဖို့ သူမျှော်လင့်မိပါသည် ။ ထိုအခါ hyung သည်တော့ ဘာမှမသိစွာ ခေါင်းငြိမ့်ပြ၍လာလေ၏ ။

နေကြာတွေကိုရင်ဝယ်ပိုက်လို့ထားမယ် 🌻 (ongoing) Where stories live. Discover now