EP-15

1.1K 95 22
                                    

ကျစ်~

နားထဲခပ်ရေးရေးကြားနေရသည့် သတင်းတစ်ပုဒ်အား အာရုံစူးစိုက်ရန်ကြိုးစားကြည့်ပေမဲ့ တဆစ်ဆစ်ထိုးကိုက်လို့နေသည့် ခေါင်းတို့ကြောင့်သူအစိုးရ၍မနေခဲ့ ။ ထို့ကြောင့် နားထင်စပ်အား လက်နှင့်အသာဖိပွတ်ကာငြီးငြူမိလိုက်သည် ။

'' Nara စောင့်နေမှာ... ''

ပါးတစ်ဖက်မှစီးကျလို့သွားသောမျက်ရည်စက်နှင့်အတူ သူထိုစကားကိုချက်ချင်းရည်ရွတ်မိလိုက်သည် ။ ထို့နောက် အိစက်နေသည့်မွှေ့ရာစတွေအား လက်များနှင့်တင်းနေအောင်ဆုပ်ကိုင်ကာ အားတစ်ခုအဖြစ် မှီတည်မိလိုက်၏ ။

'' မုန်းလိုက်တာ ~ ''

မြင်လွှာနှစ်ခုကြားတိုးဝင်လို့လာသည့် အဖြူရောင်ဒြပ်မဲ့ဝတ္ထုများအား
အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ရင်းပင် နှုတ်တိုက်ထွက်ဆိုမိလိုက်သည် ။

ခွမ်း!

မေ့ဆေးအရှိန်ကြောင့်ထုံထိုင်းလို့နေသည့် ခန္ဓာကိုယ်အား စိတ်သွားသလိုရွေ့လျားကြည့်ပေမဲ့ ဆတ်ကနဲယိုင်ကျလို့သွားသည်မို့ ဘေးကပန်းအိုးအားတိုးတိုက်သလိုဖြစ်လို့သွားလေ၏ ။ သူလျစ်လျူရှူကာပင် ထိုအခန်း၏အပြင်ဘက်သို့သာရောက်ရန်ကြိုးစားနေမိလိုက်သည် ။

VIVATAMTAM Wedding Dress Store ၏ Fitting room ထဲတွင် ဆယ်ကျော်သက်အရွယ်မိန်းမပျိုလေးတစ်ဦး ကိုယ့်ကိုကိုယ် အဆုံးစီရင်မှုဖြစ်ပွား......

ခြေလှမ်းတို့သည်တန့်ကနဲရပ်တန့်လို့သွားကာ တံခါးလက်ကိုင်အားလှည့်ရန်ပြင်နေသော လက်တို့သည် ချက်ချင်းဆိုသလိုတင်းကြပ်လို့သွားလေ၏ ။ 

'' မဟုတ်တာ... တခြားတစ်ယောက်ပဲဖြစ်မှာ ''

တဆတ်ဆတ်တုန်ယင်လို့လာသည့် နှုတ်ခမ်းဖျားများအား အားပါပါဖိကိုက်ရင်းပင် သူခပ်တိုးတိုးလေးဆိုလိုက်မိသည် ။ သန်မာတဲ့ကောင်မလေးက ဒီလိုအရူးလုပ်တွေလုပ်မှာတဲ့လား ။ သူခေါင်းအားတွင်တွင်ခါကာပင် တံခါးအားဝုန်းကနဲနေအောင်ဆွဲဖွင့်မိလိုက်သည်။
ထိုအခါ သူ့မျက်ဝန်းတစ်လျှောက်တွင်  မျက်ရည်ကြည်များသည် အတားအဆီးမရှိစွာ စိမ့်အိုင်ထွက်လို့လာလေ၏ ။

နေကြာတွေကိုရင်ဝယ်ပိုက်လို့ထားမယ် 🌻 (ongoing) Where stories live. Discover now