Ep-11

617 88 10
                                    

ခပ်မှိုင်းမှိုင်းနေ့ရက်တွေ ~~

လူခြေတိတ်တဲ့နေရာတွေရွေးရင်း
ချောင်ထိုးဝင်ခွေနေမိတဲ့ ခပ်မှိုင်မှိုင်းနေ့ရက်တွေ ။

အရိပ်လေးလှမ်းမြင်ရင်တောင် ငြိုငြင်မှာစိုး၍
ဦးအောင်ရှောင်ထွက်ပေးခဲ့ရတဲ့ခပ်မှိုင်းမှိုင်းနေ့ရက်တွေ ။

စောင့်နေကြလမ်း စောင့်နေကျအိပ်ချိန်တွေမှာ
မီးဘယ်ချိန်မှိတ်သွားမှန်းမသိခဲ့ရတဲ့ ခပ်မှိုင်းမှိုင်းညနက်တွေ ။

.............

12:00 Pm -

အိုဟောင်းနေသော စာအုပ်သင်းနံ့တို့သည် ခပ်အေးအေးAir con  နံ့တို့နှင့်အတူ တစ်စတစ်စရောထွေယှက်နွယ်၍လာလေ၏ ။
Library Room ~~ပုံမှန်ဆို ဒီလိုနေရာမျိုးသည်သူနှင့်စိမ်းသက်ပေမဲ့ ထိုင်းမှိုင်းမိသည့်နေ့တွေအတွက်တော့ ဒီလိုတိတ်ဆိတ်သည့်နေရာသည် သူ့အတွက်အဆင်ပြေဆုံးဖြစ်လို့နေလေသည်မလား ။

'' ငါပြောတယ်မလား အဲ့ဆရာက gay ပါလို့ ''

တိတ်ဆိတ်လို့နေသည့် စာကြည့်တိုက်ခန်းထဲတွင်  ခပ်စူးစူးထွက်လို့လာသည့်စကားသံတို့ကြောင့် သူအိပ်နေရင်နှင့်မှပင် မျက်မှောင်အစုံအား
တွန့်ချိုးမိလိုက်သည် ။

'' မင်းဟာကလည်း အစမရှိ အဆုံးမရှိနဲ့ ဘယ်
ဆရာကိုပြောနေတာလဲ ''

တမင်နားထောင်နေတာမျိုးမဟုတ်ပေမဲ့ ကျယ်ကျယ်လောင်လောင်ပြောလို့နေကြသည်မို့ သဲကွဲစွာကြားလို့နေနေရ၏ ။

'' ကျောင်းအနောက် နေကြာခြံက ဆရာလေ.... ဆရာJimin ''

သူမျက်ခွံတို့သည် ဖျတ်ကနဲဆိုသလိုဖွင့်ဟ၍လာလေ၏ ။

'' နင့်ဟာကလည်း ဟုတ်လို့လား ...ဆရာကပုံမှန်ဆိုရင်တောင် ဒီလောက်တည်တင်းနေတာကို... ပေါက်တတ်ကရတွေ ''

'' နင်မယုံဘူးလား ? ဒီမှာကြည့် ဒီ video file ''

စကားသံတို့သည် တိကနဲပြန်ရပ်ကျလို့သွားလေ၏ ။

'' မြင်လား? အဲ့ဆရာက အရင်ကဂွင်ကြီးကြီးမတွေ့သေးလို့သာငြိမ်နေတာ ...အခု ဒီကျောင်းရဲ့ shares တစ်ဝက်လောက်ပိုင်တဲ့ သူဌေးသားလည်းရောက်လာရော ချက်ချင်းကိုခြောက်သွားတာ ....တ့် ပိူင်းလုံး''

နေကြာတွေကိုရင်ဝယ်ပိုက်လို့ထားမယ် 🌻 (ongoing) Where stories live. Discover now