(ch 1)

13.3K 171 5
                                    

ဝေါ......*

လေတွေ မိုးတွေ ဘယ်လောက်ပဲထန်နေပါစေ ဒီနေရာကနေ ထွက်သွားမှဖြစ်မယ်ဆိုတဲ့ မိုးမခရဲ့ အတွေးတို့ကိုတော့ မည်သည့်အရာမျှတားဆီး၍မရပါ။ သူအတွက်တော့ ဒီနေရာဟာ အကျဉ်ထောင်သက်သက်အတွက်မပိုခဲ့ပါဘူး။သူဟာ သူ့မိဘတွေရဲ့အကြွေးကြောင့် အသိမ်းခံလိုက်ရတဲ့ ကျွန်တစ်ယောက်သာသာ ဖြစ်နေတာမလို့ ဒီနေရာကလွဲရင်သူ့အတွက် တခြားနေရာတွေဟာ နိဗ္ဗာန်ဘုံပါ။

"အား"

ညသန်းခေါင်အချိန် လူတွေအားလုံးအိပ်နေလို့ တိတ်ဆိတ်နေတဲ့အချိန် ‌လမိုက်ညမလို့ မှောင်မည်းနေတဲ့အပြင် သည်းစွာရွာသွင်းနေတဲ့မိုးရေစက်တို့ကြောင့် လမ်းတွေကချော်နေတာကို အနောက်ကနေ 10 ယောက်မကတဲ့ လူတွေဟာ သူ့ကိုအနောက်ကနေ လိုက်ဖမ်းတဲ့ ထိတ်လန့်စိတ်ကြောင့်ရော 2 ပေခန့်မြင့်တဲ့ ကျောက်တုံးကို မမြင်မိဘဲ ခလုတ်တိုက်မိ သွားသည်။ ကျောက်စရစ်တွေ‌ရှိနေတဲ့မြေလမ်းပေါ်မှာဖြစ်တာကြောင့် မှောက်လဲမိတာနဲ့ ဒူးကတော့ ပွန်းပဲ့မိမှာ အသေအချာပါ။ သွေးပင်ထွက်လောက်သည်အထိ ‌နာကျင်နေတော့ ဒဏ်ဖြစ်ပါသော်လည်း သူ့အတွက်တော့ ဒီနေရာမှာပ်နေရင်ရလာမယ့် နာကျင်မှုနဲ့ယှဉ်လျှင်တော့ ပမွှားသာဖြစ်သည့်အတွက် ရှိတဲ့အားနဲ့ထကာ ထပ်ပြေးသည်။ ဒီခြံဝန်းကြီးသည် အခုအချိန်မှ ကျယ်ဝန်းလွန်းတဲ့တောတစ်ခုနှင့်ပင်တူနေပါတော့သလား။ ဘာလို့ အခုချိန်အထိ အုတ်နံရံကို မရောက်ရသေးတာလဲ။

"မမလေး အခုရပ်လိုက်ပါ"

သူဘယ်လောက်ပဲစိတ်ကိုတင်းထားပီးပြေးပြေး မှောက်လဲထားလို့ နာကျင်နေတဲ့ခြေထောက်ကတော့ သူ့ရဲ့စိတ်ကိုအလိုမလိုက်နိုင်ခဲ့ပါဘူး ။ အဲ့တာအပြင် 16 နှစ်အရွယ်သာရှိတဲ့မိန်းကလေးတစ်ရဲ့ သက်လုံက 25 နှစ်ကျော် ယောက်ျားသားတွေရဲ့သက်လုံကိုဘယ်ယှဉ်နိုင်မလဲ။ မိုးမခပြေးနေရင်းအနောက်ကနေ သူ့လက်ကိုဖမ်းကိုင်လိုက်တဲ့ လူတွေကြောင့်မိုးမခရဲ့ခြေလှမ်းတွေဘယ်လောက်ပဲ လှမ်းချင်နေပါစေ ရပ်တန့်သွားရပါပီ။

"ခ ကိုလွှတ်! လွှတ်လို့!"

မိုးမခ အတင်းရုန်းကန်နေပီးထွက်ပြေးဖို့ကြိုးစားနေပေမယ့် သူ့ဘေးကို ဝိုင်းလာတဲ့လူတွေကြားမှာ နည်းနည်းလေးမျှပင် မလှုပ်နိုင်။

သူ စေလိုရာ (As Your Wish)Where stories live. Discover now