(ch 5)

5.6K 139 19
                                    


မနက်ခင်းရဲ့အလင်းရောင်မှိုင်မှိုင်လေးပဲ ရှိနေချိန် အာရုံတက်ခါစ နေထွက်သယောင် နေရောင်အစပျိုးနေချိန် 4 နာရီ 5 နာရီခန့်အချိန်မှာ မိုးမခအပါအဝင် အိမ်ဖော်အများစုနဲ့ အိမ်ထိန်းအန်တီလဲ့ရည်ကပါ ရှိနေသည်။ မနက်အစောကြီးမလို့ ညအရမ်းနောက်ကျနေပီမလို့ဆိုပီး ချွင်းချက်မရှိပါ။ သီဟခရီးသွားတော့မည်ဆိုတိုင်း မိုးမခက အမြဲနှုတ်ဆက်သည့်ဟန် သီဟရဲ့ကားမသွားမချင်း သီဟရဲ့ အနားမှာနေပေးရသည်။ သီဟကအလုပ်ကိစ္စအရေးကြီးရင်ကြီးသလို မနက်စောစောအချိန်တွေ ဉာဉ့်နက်တဲ့အချိန်တွေမှာ ခနခနသွားနေကျဖြစ်လို့ မိုးမခအတွက်ကတော့ အိပ်ရေးအပျက်ခံပီးထရတာ သိပ်မထူးဆန်းတော့ပါဘူး။  တကယ်တော့ မိုးမခအတွက်က ပျော်တောင်ပျော်နေရပါသေးတယ်။ ဒီလူကို တစ်ရက်လေးဖြစ်ဖြစ်မမြင်ရရင်တောင် သူ့အတွက်က ပျော်စရာနေ့တစ်နေ့ပါ။ အဲ့တာအပြင် သူထွက်ပြေးနိုင်ဖို့အတွက်လည်း အခွင့်ရေးပိုများ‌တာမဟုတ်ဘူးလား။

‌"ကောင်းကောင်းနေခဲ့ Will"

"ဟုတ်ကဲ့ ကိုကို"

မိုးမခကိုပြောပီးသည်နှင့် ကားပေါ်ကိုတက်သွားပီး လက်တစ်ချက်ပြလိုက်ရာ ကားမောင်းတဲ့ driver က ချက်ချင်းစက်နှိုးကာမောင်းထွက်သွားသည်။ မိုးမခက သီဟ ကားပေါ်တက်ပီး ကားမောင်းထွက်သွားသည့်တိုင် ခေါင်းငုံ့နေတာကိုလုံးမမော့ဘဲ သီဟရဲ့ကား အိမ်ခြံဝန်းထဲကထွပ်ခါနီးမှသာ ခေါင်းပြန်မော့သည်။ ခေါင်းမော့လာတာနဲ့ သူ့ရဲ့မျက်နှာမှာ ခပ်ဟဟအပြုံးလေးပါပြုံးနေသည်။

(သူမရှိတဲ့အချိန်အတွင်း ငါထွက်ပြေးကိုပြေးနိုင်ရမယ်)

"မမလေး မနက်စာအခုပဲစားတော့မလား။ပြန်အိပ်ဦး မလား။ "

"ခ ဗိုက်မဆာသေးဘူး အန်တီလဲ့ရည်။ခ အခန်းကိုပြန်တော့မယ်။"

"ဟုတ်ကဲ့ မမလေး"

မိုးမခ အခန်းကိုပြန်ရောက်တာနဲ့ ထွက်ပြေးဖို့ကြံစည်ပါသည်။ မနေ့ကလို ပြတင်းပေါက်ကနေ ခုန်ဆင်းဖို့ကတော့ ထပ်မတွေးတော့ပါဘူး။ ခြေထောက်ကျိုးရင် မပြေးနိုင်ဘဲ သီဟသိမှ ထပ်အရိုက်ခံနေရမှာလေ။ခြေကျိုးကျိုး လက်ကျိုးကျိုး ရအောင်ခုန်ဆင်းပီးပြေးမယ်ဆိုတဲ့ ခပ်ကြောင်ကြောင် အတွေးမျိုးကိုမတွေးတော့ဘဲ။ လူအလစ်ကိုစောင့်ပီးမှသာ ထွက်ပြေးဖို့ကြံစည်ပါတော့သည်။

သူ စေလိုရာ (As Your Wish)حيث تعيش القصص. اكتشف الآن