(ch 6)

5.6K 145 12
                                    

"ဟင်?"

မိုးမခ မျက်နှာငယ်လေးနဲ့ သီဟကိုမော့ကြည့်လိုက်မိပါသည်။ သူအပြစ်တွေလုပ်မိလို့ အပြစ်ပေးခံရမှာသိပေမယ့် ဘာလို့မှန်းမသိ ဒီနေ့မှာမှ သူ့ရဲ့အပြုအမူတွေရော စိတ်တွေကိုပါ သူ့ကိုသူထိန်းမနိုင်ဖြစ်နေသည်။

"နှစ်ခါပြန်ပြောရမှာလား?"

မီးတောက်မတက်ဖြစ်နေတဲ့မျက်လုံးများနဲ့သီဟကတော့ အသံကအစအေးစက်မာတောင့်နေပီး မိုးမခလို အပြစ်လုပ်ထားတဲ့သူမဆိုနဲ့ ဘေးနားကဖြတ်သွားတဲ့သူတောင် ကြားမိရုံနဲ့ ဒူးတုန်အောင်ကြောက်စရာကောင်းနေပါသည်။

"ကိုကို.....ခ မှားသွားပါတယ်။  တောင်းပန်ပါတယ်နော် ။ ခကို ခွင့်လွှင့်....."

"ခွင့်လွှတ်? "

မိုးမခရဲ့စကားကိုဖြတ်ပီး ပြန်မေးခွန်းထုတ်လိုက်တဲ့သီဟ။
မိုးမခလည်းသိပါတယ်။ သီဟ က အပြစ်လုပ်ထားရင် ဘယ်တော့မှခွင့်မလွှတ်တတ်ဘူးဆိုတာကို။ မိုးမခကိုမှမဟုတ်ပါဘူး သူ့အလုပ်နဲ့ပတ်သတ်လာရင်လည်း အမှားလုပ်တာကိုနည်းနည်းလေးမှ သည်းမခံဘဲ စည်းကမ်းတင်းကျပ်တဲ့သူဖြစ်သည်။

မိုးမခဘာမှပြန်မပြောဘဲ သီဟကို နောက်တစ်ကြိမ်မျက်နှာငယ်လေးနဲ့ ပြန်ကြည့်မိသည်။ သီဟက ကုတင်ဘက်ကိုမျက်စပစ်ပီးမေးငေါ့ပြတော့ ဒါက သူ့ကို မှောက်လေ လို့ပြောတာမှန်း မိုးမခတန်းသိပါသည်။ သို့သော် မိုးမခ သီဟရဲ့စကားကို မနာခံချင်ပါ။  သီဟကိုစိတ်တိုနေမိသည်။ ပုံမှန်ဆိုချက်ချင်းအရိုက်ခံလိုက်မှာဖြစ်ပေမယ့် ဒီတစ်ခါမှာတော့

"ဟင့်အင်း ကိုကို!"

"ဘာ?"

မိုးမခ ငိုနေလက်စမျက်ရည်များကိုသုတ်ပီး ငိုသံဖျောက်ကာ သီဟကိုအော်လိုက်သည်။
မိုးမခရဲ့အပြုအမူကို သီဟအံ့သြနေမိသည်။ ငယ်ငယ်ကတည်းက အပိုးကျိုးအောင်ဆုံးမလာခဲ့သူဖြစ်တာကြောင့် သီဟကို အော်ဖို့မပြောနဲ့ မျက်လုံးနဲ့တောင်ရဲရဲစိုက်မကြည့်ရဲတဲ့သူက အခုသူ့ကိုအော်လိုက်တယ်တဲ့လား။ ထွက်မပြေးရဘူးဆိုတဲ့ စကားကလွဲရင် တခြားဘာမဆိုတသွေမသိမ်းလိုက်နာခဲ့တဲ့ ကောင်မလေးက အခုတော့ သူ့ကိုပြန်ပုန်ကန်နေပီလား။

သူ စေလိုရာ (As Your Wish)Opowieści tętniące życiem. Odkryj je teraz