(ch 3)

5.9K 127 2
                                    

မိုးမခ နောက်နေ့မနက်နိုးလာတော့ ဒဏ်‌ရာတွေနဲ့ အရိုက်ခံထားရတဲ့နေရာက နာနေဆဲဖြစ်သည်။ ဒီနေ့ကျောင်းသွားစရာမလိုဘူးလို့ သီဟ ခွင့်ပေးထားလို့သာ တော်သေးတာပေါ့လို့ သာမာန်လူသာဆိုရင် သီဟ ကြင်နာတတ်တယ်လို့ထင်နေပေမယ့် မိုးမခအတွက်ကတော့ သူ့ကိုအပြင်ထွက်ခွင့်မပေးဘူးဆိုတဲ့ အကြောင်းပြချက်တစ်ခုထက် မပိုပါဘူး။

မိုးမခ နာရီကြည့်လိုက်တော့ မနက် 10 နာရီခန့်ပင်ရှိသည်ဖြစ်သည်။ မ‌စောတော့တာနဲ့ သူလည်း မျက်နှာသစ်ပီး မနက်စာစားဖို့ အောက်ထပ်ကိုဆင်းလာခဲ့လေသည်။ ဧည့်ခန်းထဲတွင်ထိုင်နေသော သီဟကြောင့် မိုးမခအနည်းငယ် အံ့သြသွားရ၏။ အခုချိန်က သူ ကုမ္ပဏီ ရောက်နေရမယ့် အချိန်မဟုတ်ဘူးလား။ ဘာလို့ အိမ်မှာရှိနေသေးတာလဲ။

သီဟက ဖတ်လက်စစာအုပ်ကိုပိတ်ပီး မိုးမခကို ထိုင်နေရာကနေ ကြည့်လာတော့ မိုးမခ တွေးလက်စအတွေးတွေကို ရပ်ကာ သီဟရဲ့ရှေ့ကိုသွားပီး ခေါင်းငုံ့နှုတ်ဆက်လိုက်သည်။ ဒါဟာလည်း သူသီဟ‌ကိုတွေ့ရင် တွေ့တဲ့နေ‌ရာမှာနှုတ်ဆက်ရမယ့်ဆိုတဲ့ မိုးမခရဲ့ တာဝန်ဖြစ်သည်။ တာဝန်ဆိုတာထက်အတင်းအကျပ် စေခိုင်းထားတဲ့ စည်းကမ်းတစ်ခုဆို‌ရင်တော့ ပိုမှန်ပါလိမ့်မယ်။

"နိုးလာပီလား?"

"ဟုတ်ကဲ့ ခ နိုးပါပီ"

ခြေထောက် မထောက်နိုင်လောက်အောင်ပင် ဒူးကဒဏ်ရာက နာကျင်နေပါစေ သီဟရဲ့အမိန့်မရဘဲ မိုးမခ မထိုင်လည်းမထိုင်ရဲသလို ထိုနေရာမှလည်း ခြေတစ်ဖဝါးမျှ မခွာဝံ့ပါ။ အောက်သို့သာ ခေါင်းငုံ၍ရပ်နေသည်။

"မနက်စာသွားစား ပီးရင် ကို့စာကြည့်ခန်းထဲလာခဲ့ Will"

"ဟုတ်ကဲ့ ကိုကို"

သီဟ မိုးမခ ကိုပြောပီးပီးချင်း ထကာ သူ့ရဲ့စာကြည့်ခန်းဘက်ကို ထွက်သွားသည်။ မိုးမခသည် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ သီဟသွားရာဘက်သို့ လှည့်၍ ခေါင်းငုံ‌‌ရင်း နှုတ်ဆက်လိုက်သည်။သီဟ အခန်းထဲသို့ဝင်သွားတာကိုမြင်မှသာ ခေါင်းပြန်မော့ပီး ထမင်းစားခန်းသို့ဦးတည်ခဲ့သည်။ သူထမင်းစားခန်းသို့ရောက်လာသောအခါ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်က သူ့မနားသို့ကပ်လာခဲ့သည်။ သူကိုသနားသည့်မျက်လုံးများဖြင့်ကြည့်လျက် ဘာစကားမှမပြောဘဲ သက်ပြင်းတစ်ချက်ချကာ မိုးမခထိုင်နေကျနေရာတွင် ခုံကိုဆွဲပေးသည်။

သူ စေလိုရာ (As Your Wish)Tahanan ng mga kuwento. Tumuklas ngayon