ဝုန်း*
တံခါးကိုဖွင့်ကာ မီးကိုအမြန်ဖွင့်လိုက်ပြီး အခန်းထဲကိုခပ်မြန်မြန်ဝင်လိုက်ရင်း အရှေ့မှာရှိနေတဲ့ ခြေသုတ်ခုံကိုခြေချော်တက်နင်းမိပြီး စီးထားတဲ့ဒေါ်ဖိနပ်ကြောင့် အရှိန်ကိုမထိန်းနိုင်ဘဲ မိုးမခ မှောက်ယက်လဲကျသွားသည်။
"will!"
သူလဲကျတဲ့အသံကိုကြားကြားချင်းပြေးဝင်လာတဲ့သီဟက မိုးမခတောင်မသိလိုက်ဘဲ မိုးမခရဲ့ဘေးမှာဒူးတစ်ဖက်ထောက်ကာ သူ့လက်တွေနဲ့မိုးမခရဲ့ ပုခုံးတွေကို ထိန်းထားလျက်ပြီးသားဖြစ်နေသည်။
"မင်းကိုမပြေးနဲ့လို့ ငါဘယ်နှစ်ခါပြောရမှာလဲ!?"
အစကတည်းက စိတ်တိုလက်စအရှိန်ကြောင့် သီဟရဲ့စကားလုံးတွေဟာ အော်သံအနေနဲ့ထွက်လာတဲ့အခါမှာတော့ မိုးမခလန့်သွားပြီး ခန္ဓာကိုယ်ကပါအနည်းငယ်တုန်ရီလာသည်။ မိုးမခကြောက်နေတာကို သတိထားမိသွားတဲ့ သီဟက သက်ပြင်းတစ်ချက်ချပြီး မိုးမခကို မတ်တပ်ရပ်စေလိုက်သည်။
''အဝတ်လဲပြီးမြန်မြန်လာခဲ့"
သူ့ကိုအခန်းထဲမှာထားခဲ့ပြီး တံခါးဆီကိုထွက်သွားတဲ့သီဟရဲ့နောက်ကျောကိုကြည့်နေရင်း ရုတ်တရက်လှည့်လာပြီး မျက်မှောင်ကြုတ်ကြည့်လာတဲ့ သီဟနဲ့ မိုးမခ မျက်လုံးချင်းစုံမိသွားတာမလို့ လန့်သွားသလို သူ့ကိုဘာလို့အဲ့လိုကြည့်သလဲဆိုတာ အဖြေရှာဖို့လည်းအမြဲစဉ်းစားရလေသည်။သီဟက လှည့်ကြည့်ရုံတင်မက သူ့ဆီကိုခွတေဈလှမျးပါလှမျးလာခြိနျိုးမှာတော့ တစ်ခုခုကိုသတိထားမိသွားတဲ့ မိုးမခက ချက်ချက်းမျက်လွှာချကာခေါင်းငုံလိုက်သည်။
''ဟုတ်ကဲ့ကိုကို"
မိုးမခရဲ့ပါးစပ်ကနေ ဟုတ်ကဲ့ဆိုပြီး အကြောင်းပြန်တဲ့စကားမကြားရရင်တောင် သီဟပြောသလို အဝတ်လဲပြီးမြန်မြန်လာမှာပဲဆိုပေမယ့် သူစကားတစ်ခွန်းပြောလိုက်တိုင်း စကားတစ်ခွန်းပြန်အကြောင်းပြန်မှ ကြိုက်တဲ့ သီဟအတွက်ကတော့ မိုးမခက သူ့ရဲ့စကားကိုအလေးမထားရာရောက်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။
STAI LEGGENDO
သူ စေလိုရာ (As Your Wish)
Storie d'amoreသူ့လက်ထဲက လွှတ်မြောက်ဖို့ဆိုရင် ဘာမဆိုလုပ်မယ့် မိုးမခ..... မိုးမခကို သူ့လက်ထဲမှာပဲ အပိုင်ထားဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဘုန်းမြင့်သီဟ..... Punish type ဆိုတာထပ် Abuse ဘက်အထိရောက်နိုင်တာမလို့ ကြိုသတိပေးထားပါရစေ