(ch 13)

3.2K 80 10
                                    

"အင့်....."

ဘယ်လိုလုပ်အိပ်ပျော်သွားမှန်းမသိပေမယ့် မျက်လုံးပွင့်လာတော့ တစ်ခန်းလုံးအမှောင်ကျနေပြီး ပြတင်းပေါက်ကဝင်လာတဲ့ အပြင်ဘက်ကမီးရောင်သာရှိနေသည်။သူကတော့ ခေါင်းအုံးပေါ်မှာ မျက်နှာတင်ကာ မှောက်လျက်အိပ်ပျော်နေရက်သားဖြစ်နေ​ပြီး စားပွဲပေါ်မှာရှိတဲ့ နာရီလေးကို လှမ်းကြည့်မိတော့ ည 3 နာရီ 43 မိနစ်ရှိနေပြီဖြစ်သည်။ သီဟက သူ့ကို စောင်ပါခြုံပေးသွားတာဖြစ်ပြီး ပက်လက်အိပ်ရင် အရိုက်ခံထားရတဲ့နေရာကနာမှာဆိုးလို့ မှောက်လျက်သိပ်ပေးခဲ့တာဖြစ်မည်။

လက်နှစ်ဖက်မှာလည်း ဆေးလိမ်းပေးထားဖြစ်ပြီး စားပွဲပေါ်က နာရီဘေးမှာလည်း ဆေးတစ်လုံးနဲ့ ရေတစ်ခွက်ကိုတွေ့သည်။ စာရွက်တစ်ရွက်ပါခေါက်ပြီးတင်ထားတာကို တွေ့တာမလို့ မိုးမခ လက်နဲ့လှမ်းယူပေမယ့် မမှီ။ အဲ့တာကြောင့် တစ်ကိုယ်လုံးနာနေပေမယ့် ရှိတဲ့အားအကုန်သုံးကာထထိုင်လိုက်သည်။

"အာ့!"

မိုးမခထိုင်လိုက်သည်နဲ့ တင်ပါးပေါ်ကို ခန္ဓာကိုယ်ရဲ့အလေးချိန်ရောက်ပြီး ဖိမိသလိုဖြစ်ရာ ချက်ချင်း အိပ်ရာပေါ်မှာတင် နေရာအနေအထားပြင်၍ ဒူးထောက်ကာနေလိုက်သည်။ တင်ပါးက အိပ်ရာနှင့် မထိတော့တာမလို့ အနည်းငယ်တော့ နာနေတာလျော့သွားသည့်ပုံပင်။

ခေါက်လျက်တင်ထားတဲ့စာကို ယူဖတ်လိုက်တော့ မိုးမခ နိုးလာရင်ဆေးသောက်ဖို့ ပြောထားတာဖြစ်နေ​သည်။ သီဟကတကယ်ပဲ သူ ညလယ်ခေါင်ကြီးမှာနိုးလာမှာကို ကြိုသိနေတာလား ဒါမှမဟုတ် မနက်မှ သောက်ဖို့ပြောတာလား မိုးမခတွေးနေတုန်း စာရွက်ရဲ့အနောက်ကို ကြည့်မိရာ

"မနက်ကျရင် ဒီစားပွဲပေါ်ကဆေးမရှိတော့တာပဲ​ မြင်ချင်တယ် Will"

တကယ်ပဲ ဘယ်လိုလုပ်များ သီဟက သူ့အကြောင်းတွေကို အားလုံး​သိ​နေရတာလဲ။ ဆေးကိုယူကြည့်မိတော့ အဖြူရောင်အဝိုင်းပြားလေးဖြစ်ရာ ဘာဆေးမှန်း မိုးမခ တကယ်မသိပါ။ ဒါပေမယ့်လည်း သီဟက သောက်လို့ပြောတာကြောင့် သေဆေးဖြစ်နေရင်တောင် သောက်ရမှာက သူ့တာဝန်ဖြစ်တဲ့အတွက် မိုးမခ ဘာကိုမှ မစဉ်းစားနေဘဲ ဆေးကိုပါးစပ်ထဲပစ်ထည့်လိုက်ကာ ဘေးနား​က ရေခွက်ကို ယူပြီး မော့သောက်လိုက်သည်။

သူ စေလိုရာ (As Your Wish)Donde viven las historias. Descúbrelo ahora