(ch 16)

938 40 2
                                    

''မမလေး အဆင်သင့်ဖြစ်ရင် သွားလို့ရပါပြီ"

"ဟုတ်ကဲ့ အန်တီလဲ့ရည် ခ 5 minလောက်နေရင် ဆင်းလာခဲ့မယ်နော်"

ညနေစောင်း 5 နာရီခန့်လောက်မှာ နေဝင်ချိန်ရဲ့ လိမ္မော်နုရောင်ကောင်းကင်က အလင်းရောင်ဖျဖျက မီးအပြည့်ဖွင့်ထားတဲ့ မိုးမခရဲ့ အခန်းပြတင်းပေါက်ကိုကျော်ပြီး ဘယ်လိုမှ လျှပ်စစ်မီးတွေရဲ့အလင်းအရှိန်ကို ကျော်လွန်ပြီးတောက်ပနိုင်မှာမဟုတ်ပါဘူး။

အပြာနုရောင် mermaid dress ရဲ့ အောက်ဖျားဟာ ခရမ်းရောင်၊ပန်းရောင်၊ပန်းခရမ်းရောင် စတဲ့ cool tone colour အနားသတ် ဇာချည်နုနုတွေနဲ့ တွဲချုပ်ထားသည်။လက်ပြတ်ဖြစ်နေတာကြောင့် မိုးမခရဲ့ ဆင်ဆွယ်လက်မောင်းဖွေးဖွေးဟာ အပြာနုရောင် dress နဲ့လိုက်လွန်းလှသည်။ ရင်ဘက်ကနေ လည်ပင်အထိ ကျောက်ကြိုးတွေ ဇာတွေနဲ့ချုပ်ထားတာဟာ designer ရဲ့ dress အပေါ်ကွန့်မြူးထားတဲ့ idea လား ဒါမှမဟုတ် မိုးမခရဲ့အသားတွေကို မပေါ်လွန်းစေချင်တဲ့ သီဟကြောင့်ပဲ ဒီလိုချုပ်ပေးထားတာလားတော့မသိ mermaid dress က ပြည့်စုံလွန်းလှပါတယ်။နောက်ကျောဘက်မှာကတော့ အပြာရောင်ကျောက်တန်းလေးတွေကို ကြက်ခြေခတ်ပုံစံလုပ်ထားပြီး ဘာဇာ ဘာအဝတ်အစကိုမှ မသုံးထားတာကြောင့် မိုးမခရဲ့နောက်ကျောကို အထင်းသားမြင်နေရသည်။ ခါးအလယ်လောက်ထိချထားတဲ့ဆံပင်တွေကြောင့်သာ နောက်ကျောဟိုက်နေတာကို မသိသာပေမယ့် ဒီ dress ဟာ ဒီလိုပုံဖြစ်နေတာ သီဟသိရက်နဲ့ခွင့်ပြုခဲ့တာလား ဒါမှမဟုတ် သူသတိမထားမိလိုက်တဲ့အမှားတစ်ခုများလား။ Hourglass figure ဖြစ်နေတဲ့ မိုးမခရဲ့ ခန္ဓာကိုယ်ကြောင့် dress ဟာ ပိုပြီးကြည့်ကောင်းနေတာလို့ပြောရင်လည်း ဘယ်သူမှငြင်းကြမယ်မထင်ပါ။

အခန်းထဲမှာ မိုးမခကို ဖိနပ်စီးပေးနေတဲ့သူတွေရော လက်တွေကို lotion လိမ်းပေးနေတဲ့သူတွေရော မျက်နှာကို spray ဖြန်းပေးနေတဲ့သူတွေရောနဲ့ပြည့်နေပါတယ်။ mermaid dress လိုက်ဖက်အောင် အဖျားတွေကိုကောက်ထားပြီး စိန်ပွင့်အသေးလေးတွေ ကပ်ထားကာ ခေါင်းပေါ်မှာကတော့ အဖြူရောင် platinum ကို base ထားပြီး နီလာကျောက်ပြာပြာနဲ့စီချယ်ထားတဲ့ သန္တာကျောက်ခတ်သဏ္ဍာန် ကလစ်လေးနှစ်ခုက ဘယ်တစ်ဖက် ညာတစ်ဖက်ရှိနေသည်။

သူ စေလိုရာ (As Your Wish)Donde viven las historias. Descúbrelo ahora