ဖြန်း*
အရှိန်ပြင်းပြင်နဲ့ ရိုက်လာတဲ့ရိုက်ချက်ကြောင့် မိုးမခ ကျောပင်ကော့သွာမိ၏။ အတွင်းခံဘောင်းဘီကိုဝတ်ဆင်ထားပါသော်လည်း အလွန်ပါးသည့်အတွက် ကြိမ်လုံးရဲ့ဒဏ်ကို အနည်းငယ်မျှပင် အကာကွယ်ပေးမထားနိုင်သလို သီဟရဲ့ ရိုက်ချက်ကလည်းအားပါလွန်းတဲ့အတွက် မိုးမခ မျက်ရည်ပင်ကျမိသည်။ အသံမထွက်မိအောင် ဘယ်လောက်ပင်စိတ်တင်းခံထားပါစေ သူ့ရဲ့ခန္ဓာကိုယ်ကတော့ နာကျင်မှုကို ခံစားရသည့်အတွက် ရှိုက်ငိုသံနှင့်အတူ အော်သံသဲ့သဲ့လေးပါ ထွက်နေလျက်ရှိသည်။ ထိုအခန်းထဲတွင် မိုးမခ ရဲ့ ရှိုက်ငိုသံတိုးတိုးလေး နှင့် မိုးမခ ရဲ့ တင်ပါးပေါ်သို့ကျလာသော ကြိမ်လုံးရိုက်သံများမှလွဲ၍ ဘာမှမကြားရ။
ဖြန်း*
ဖြန်း*
ဖြန်း*
ဖြန်း*
ဖြန်း*
"အ့"
အော်သံနှင့်အတူ မိုးမခရဲ့ ခန္ဓာကိုယ်သည် ရှေ့သိုယိုင်ကျသွား၏။ ဒူးက နာနေတာကြောင့် ကြာကြာမရပ်နိုင်တာလည်းပါလိမ့်မည်ထင်သည်။ သို့သော် မိုးမခ ချက်ချင်းပင် ခန္ဓာကိုယ်ကိုထိန်းလိုက်ပီး မတ်တပ်ပြန်ရပ်လိုက်သည်။ နာကျင်လွန်းလို့ ဂါဝန်ကို ရှေ့သို့ပင့်တင်ထားသည့်လက်များဖြင့်တုန်လျက်ရှိသည်။
ခရဲ့ တုန်နေတဲ့လက်များနှင့် ရှိုက်ငိုနေတဲ့အော်သံသဲ့သဲ့တို့သည် သီဟအတွက် နှစ်သက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်နေပါသလား။ သူ့ကိုဒီလို ရိုက်နှက်နှိပ်ဆက်နေတဲ့ သီဟကို ခ တကယ် အံ့သြမိပါသည်။ ဘာကြောင့်များသူ့ကို လုပ်ရက်ရတာလဲ။
ဖြန်း*
ဖြန်း*
ဖြန်း*
ဖြန်း*
ဖြန်း*
ဖြန်း*
ဖြန်း*
ရိုက်ချက်များသည် အားမလျော့သည့်အပြင် ပို၍တောင် ပြင်းလာသည်။ မိုးမခ လို ခန္ဓာကိုယ်သေးသေးလေးအတွက် 2 လက်မခန့်ကြီးသည့် ကြိမ်လုံးနှင့်ရိုက်ခံရသည့်အခါ ပြောမရလောက်သည့် နာကျင်မှုမျိုး ခံစားရပါသည်။ ဒီလိုအရိုက်ခံရတဲ့အကြိမ်အရေအတွက်ဟာ လက်ချိုး၍မရအောင် များပြားပါသော်လည်း ဒီလိုရိုက်ချက်တွေကို အသားကျအောင်ခံနိုင်ဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါ။ သူက မိုးမခကို မိုးမခရဲ့ မိဘတွေရှေ့မှာကတည်းက ရိုက်ခဲ့ဖူးပါသည်။ မိုးမခရဲ့မိဘတွေကလည်း မိုးမခကိုရိုက်လို့ ဘယ်သောအခါကမှ သူ့ကိုအပြစ်မတင်ဘဲ အရိုက်ခံရသည့် မိုးမခ ကိုသာ အပြစ်ရှိလို့အပြစ်ပေးခံရတာဖြစ်ကြောင်း ပြောကြသည်။ မိုးမခ သူ့ကိုရော မိုးမခရဲ့ မိဘတွေကိုရော မုန်းသည်။ ဘာကြောင့်များ ခ တစ်ယောက်တည်းကို ထားခဲ့ပီး သေသွားကြရတာလဲ။ ဘာလို့ ခ ကိုနှိပ်ဆက်မယ့် သူ့လက်ထဲကိုမှ ထားခဲ့ရတာလဲ။
ESTÁS LEYENDO
သူ စေလိုရာ (As Your Wish)
Romanceသူ့လက်ထဲက လွှတ်မြောက်ဖို့ဆိုရင် ဘာမဆိုလုပ်မယ့် မိုးမခ..... မိုးမခကို သူ့လက်ထဲမှာပဲ အပိုင်ထားဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဘုန်းမြင့်သီဟ..... Punish type ဆိုတာထပ် Abuse ဘက်အထိရောက်နိုင်တာမလို့ ကြိုသတိပေးထားပါရစေ