ပြုတ်ကျရင် မသေတောင်မှခြေကျိုးလက်ကျိုးဖြစ်နိုင်တာကျိန်းသေတဲ့အမြင့်လောက်ရှိတဲ့ သူ့အခန်းပြတင်းပေါက်ကနေ အောက်ကိုဆင်းဖို့အတွက်ကြိုးစားနေပါသည်။ သူဒီနေရာကနေ လွတ်မြောက်ရမယ်ဆိုရင် ခြေကျိုးလက်ကျိုးလောက်ကတော့သူ့အတွက်မမှုပါဘူး။ ပြတင်းပေါက်ကနေတွယ်ဆင်းစရာကြိုးလည်းမရှိတာကြောင့် ပြတင်းပေါက်နဲ့ 4 ပေ 5 ပေခန့်အကွာမှာပေါက်နေတဲ့ သစ်ပင်ကနေမှတဆင့်အောက်ကိုဆင်းမှာဖြစ်ပါသည်။ ပထမဆုံးအနေနဲ့ ပြတင်းပေါက်ကနေထွက်လိုက်ပီး ပြတင်းပေါက် လက်တန်းပေါ်တက်လိုက်သည်။ ထို့နောက် ပြတင်းပေါက်ဘေးက နံရံကို ကျောကပ်ပီး သစ်ပင်ရှိရာသို့ ဖြည်းဖြည်းချင်းလှမ်းနေရင်း အောက်သို့ငုံမကြည့်မိရန်သာ သတိထားနေတော့သည်။ သစ်ပင်နှင့်တန်းရာနေရာကိုရောက်တော့ သတ္တိမွေးကာ အရှိန်ယူရင်း သူနှင့်အနီးဆုံးကိုင်းကိုချိန်လိုက်ပီး ခုန်ကူးလိုက်သည်။ သူအောင်အောင်မြင်မြင်နဲ့ သစ်ကိိုင်းပေါ်ကိုရောက်သွားနိုင်သော်လည်း သစ်ကိုင်းက သစ်ကိုင်းခြောက်ဖြစ်နေသည့်အပြင် မိုးမခရဲ့ဝိတ်ကိုပါမနိုင်ကြိုးကျလေသည်။"အား"
လေဟင်ပြင်မှာ ပြုတ်ကျတဲ့ခံစားချက်က ပင်လယ်ဓားပြတွေစီးရင်ဖြစ်သလိုခံစားချက်မျိုးနှင့်ဆင်တူပါသော်လည်း သစ်ကိုင်းကျိုးကျလို့ပြုတ်ကျတာကတော့ အောက်ကမြေပြက်ကိုထိလျှင် ခြေထောက်နှင့်ကျလျှင် ခြေထောက်ကျိုးမည်ဖြစ်ပီး
လက်ထောက်မိလျှင် လက်ကျိုးမည်ဖြစ်သည်။ အဲ့တာတွေအပြင်မိုးမခအတွက်ကတော့ သူထွက်ပြေးတာကို သီဟမိခဲ့ရင် ထွက်ပြေးမိတဲ့အပြစ်နဲ့ ကိုယ့်ကိုကို ထိခိုက်အောင်လုပ်မိတဲ့အပြစ်ပါရှိနေတာမလို့ အပြစ်ပေးခံရမှာအသေအချာဖြစ်သည်။ ပြုတ်ကျတာက ခနလေးဖြစ်ပါသော်လည်း မိုးမခရဲ့စိတ်ထဲမှာတော့ အတွေးပေါင်းစုံတွေးနေပီးပီ ဖြစ်သည်။ လုပ်ရဲမှတော့ ခံရဲရမှာပဲဟု နောက်ဆုံးစိတ်ဆုံးဖြတ်ချက်ချကာ မျက်လုံးစုံမှိတ်လျက်သာနေတော့သည်။"ဟင်?"
မြေပြင်ပေါ်မှာ ဘယ်လောက်စျေးကြီးပါတယ်ဆိုတဲ့ အလှခင်းမြက်တွေခင်းထားပါစေ အားလုံးကတော့ပြုတ်ကျရင် နာမှာပဲမဟုတ်လား။ ဒါပေမယ့် ဒီခံစားချက်က ထွေးပွေ့ထားသလိုခံစားချက်မျိုး။ နွေးထွေးနဲ့ရင်ခွက်တစ်ခုစီမှာ နွေးထွေးတဲ့လက်တစ်စုံက မိုးမခရဲ့ ပခုံးမှာကလက်တစ်ဖက် ခြေတကောက်ကွေးမှာက တစ်ဖက် ထိကိုင်ထားတော့ ကလေးငယ်တစ်ယောက်ကို ထွေးပွေ့ထားတဲ့ပုံဖြစ်နေလေသည်။ မိုးမခမျက်လုံးဖွင့်ကြည့်လိုက်တော့ ရင်းနှီးတဲ့မျက်နှာတစ်ခုက အချိုသာဆုံးအပြုံးကိုပြုံးနေလေသည်။
ESTÁS LEYENDO
သူ စေလိုရာ (As Your Wish)
Romanceသူ့လက်ထဲက လွှတ်မြောက်ဖို့ဆိုရင် ဘာမဆိုလုပ်မယ့် မိုးမခ..... မိုးမခကို သူ့လက်ထဲမှာပဲ အပိုင်ထားဖို့အတွက်ဆိုရင် ဘာမဆိုလုပ်ရဲတဲ့ ဘုန်းမြင့်သီဟ..... Punish type ဆိုတာထပ် Abuse ဘက်အထိရောက်နိုင်တာမလို့ ကြိုသတိပေးထားပါရစေ