𝙿𝚕𝚊𝚢𝙱𝚘𝚢 (𝚎𝚙-12)

446 56 3
                                    

Unicode

_ ဟိုမှာနေခဲ့တဲ့နှစ်ပတ်တာကာလမှာ အဲဒရစ်လို့ခေါ်တဲ့လူချောလေးတယောက်နဲ့ခင်မင်ခဲ့တယ် သူကကျနော်သွားချင်သမျှနေရာတွေရော ကျနော်စပ်စုသမျှတွေကိုစိတ်ရှည်ရှည်နဲ့လိုက်ဖြေပေးရှာတယ် သေချာပါတယ်အဲဒရစ်ကိုပိုင်ဆိုင်ရမဲ့သူကတော့သိပ်ကံကောင်းတာပါဘဲ

_ဒီပြန်ရောက်တော့ အချိန်ကွာခြားမှုကြောင့်သိပ်တော့အသားမကျသေးပါ နေသားသကျဖြစ်အောင်တော့ကြိုးစားရတာပေါ့

" ဆောနူ တခုခုအပြင်ထွက်စားရအောင် ဂျေးအီတို့ကိုလဲလှမ်းချိန်းလိုက်တယ် "

" ကောင်းတာပေါ့ ကိုကို ကျနော်တော့ပိုကီစပ်စပ်‌လေးစားချင်တယ် ဟိုမှာက cheese တွေနဲ့ကြီးဘဲစားခဲ့ရတော့တော်တော်အီနေပြီဗျ "

" အိုကေ ဆောနူသဘောအတိုင်းဘဲ အဲ့ဆိုကိုကိုဟိုနှစ်ယောက်ကိုနေရာတချက်ပြောလိုက်အုန်းမယ် ဆောနူကပြင်ဆင်ထားလိုက်တော့ "

" Nae "

" ဟျောင့် ဆောနူ‌ဖြည်းဖြည်းစားလဲရပါတယ် မင်းဟာလဲငါတို့တွေလုမစားပါဘူးကွ"

" မင်းကလဲလေ ငါ့ဆိုပြောဖို့ကြီးဘဲ "

" အေဟုတ်တယ် ယန်းဂျောင်ဝန်းဆိုတဲ့ငါကကင်ဆောနူဆိုတဲ့‌မင်းကိုပြောဆိုဆုံးမဖို့လူဖြစ်လာတာလေ ရပြီလား "

" အော် ဒီနှစ်ယောက်နဲ့ရန်မဖြစ်နေကျနဲ့ "

" ဆောနူ စားနော်လိုတာရှိထပ်မှာကိုကိုဘေးဆိုင်မှာဆောနူစားဖို့ရေခဲမုန့်သွားမှာပေးမယ် "

" ကိုကိုကတကယ့်ကိုအကောင်းဆုံးဘဲ " သူ့ကိုကိုကိုကျလက်မလေးတထောင်ထောင်နဲ့ပြုံးပြနေတာများ နာမည်ကြီးပလေးဘွိုင်းရာထူးနဲ့တောင်မလိုက်မဖက်ရယ်

" အမေ့~ "

" ‌အာ ဆောတီးပါနော် ညီမမမြင်လို့"

" ရ ရပါတယ် မတော်တဆ.... "

" ဟင် ကင်ဆောနူ "

" ဟ့ မင်းကို "

" ငါ့ကြောင့်ပျက်စီးသွားတဲ့မင်းအင်္ကျီဖိုးတော့မပေးတော့ဘူးနော် မင်းကတအားချမ်းသာတဲ့သူဘဲဒီအင်္ကျီလောက်တော့မုန့်ဖိုးသာသာပါကွာ "

PlayBoysWhere stories live. Discover now