#unicode
မဖြစ်ဘူး မဖြစ်ဘူး ကျွန်မ ဝိတ်ချမှဖြစ်မယ် မဟုတ်ရင် အဲ့အသားတုံးနှစ်လုံးကို ထမ်းနေရတာနဲ့ ပစ်လဲနိုင်တယ်
ဒါကြောင့်မလို့ ကျွန်မ ရဲ့နေ့စဥ်အလုပ်တွေက သူများတွေထက်လျှော့စားတယ် လေ့ကျင့်ခန်းတွေလုပ်တယ် ကြိုးခုန်တယ် မဟုတ်ရင် ကျွန်မရဲ့ခွေးလေးနဲ့အတူတူ အပြင်မှာ ပြေး တယ်။လျှာမထွက်မချင်းပြေးတာနော် သေအောင်မောလို့ လျှာထွက်ပြီးဆိုမှ အိမ်ကိုပြန်တာ ။
ဆောင်းရာသီ ကျောင်းပိတ်ရက်အတွင်းကျွန်မ နောက်ထပ်၈ပေါင် လျော့သွားခဲ့တယ်။
ကျွန်မရဲ့ဗိုက်ကလေးလည်း တဖြေးဖြေး ချပ်လာပြီး အသားတွေရှိနေသေးပေမယ့်လည်း အဝတ်အစားဝတ်ရင် ချပ်ရပ်ပြီး အရင်လို ဗိုက်မထွက်တော့ပေ။
အဝတ်တွေချွတ်လိုက်ရင်တေ့ ကျွန်မဝနေတာက သိသာနေတုန်းပါပဲ။
အရပ် ၁၆၈ cm အလေးချိန် ပေါင်၁၄၀
ကျွန်မအတွက် ဝနေတုန်းပါပဲ။ရလဒ်တွေပြောင်းလဲ ဖို့ ကျွန်မ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ရတယ်။အစကတော့ ကျွန်မ အဆီတွေကို ဖြေးဖြေးချင်း ချသွားမလို့ပဲ ။ကျောင်းပိတ်ရက်အတွင်း ကျွန်မကျောင်းကို ပြန်လာခဲ့ရတယ်။ကန်ယု ကျောင်းပြန်တက်နေရတော့ သူနဲ့တွေ့ဖို့အတွက်လေ။ဒါကြောင့်မလို့ ကျွန်မ သူနဲ့တွေ့ဖို့ ကျောင်းပန်းခြံမှာချိန်းထားတယ်လေ။ကန်ယုရဲ့အတန်းမှာxiao fanနဲ့ Cao min ရှိတော့ ကျွန်မက ဘာမှမဖြစ်ဘူးတွေးပြီး ကျောင်းထဲကိုဝင်လာခဲ့မိတယ်။ကျွန်မ အတန်းရှေ့မှာ ရပ်နေခဲ့ပြီး ခနချောင်းကြည့်မိပေမယ့် ကန်ယုရဲ့အရိပ်ကိုတောင် မတွေ့ခဲ့ရပါဘူး။သူဘယ်သွားလည်း မသိသလို။xiao fan ကိုလည်းမတွေ့ခဲ့ဘူး။ဆရာလည်းမရှိဘူး။ကျွန်မ ဆန်ပြုတ်ကို မွှေနေတဲ့ဇွန်းလို ရှုပ်ထွေးသွားခဲ့တယ်။Cao min က ကျွန်မကို မြင်သွားခဲ့ပြီး"ဖူ ကျင်း... "
ကျွန်မ ချွေးအေးတွေစီးကျလာခဲ့တယ်။ဒီကောင်စုတ် လေး ကျွန်မရဲ့နာမည်ပြောင်ကို မှတ်မိနေသးတယ်။.......
သူမ ကျွန်မနာမည်ကိုအော်ခေါ်လိုက်တာနဲ့ တတန်းလုံး ကျွန်မကို ဝိုင်းကြည့်လာခဲ့ကြတယ်။ကျွန်မ အတန်းရှေ့မှာ မျက်နှာနီရဲပြီး တောင့်ခဲစွာ ရပ်နေခဲ့မိတော့တယ်။ရုတ်တရက်ကျွန်မ အတန်းထဲ့ကနေ မိန်းကလေးတစ်ယောက်ရဲ့အသံကို ကြားမိလိုက်တယ်။
YOU ARE READING
Husband is great black belly (Myanmar Translation)
Romanceရိုးရိုးလေးနဲ့အေးချမ်းစွာနေတတ်သော အိုးရန်မြောင်မြောင်တစ်ယောက် အသစ်ပြောင်းလာသော ကျောင်းသားသစ်လေးတစ်ယောက်ကြောင့် ဘယ်လိုအဆီအငေါ်မတည့်ဖြစ်ပြီး ပြသနာတွေ ဖြစ်ပြီး ဘယ်လိုမျိုး ချစ်ကြိုက်သွားမလဲ ဆိုတာ.....