အဲ့ကိစ္စပြီးတော့ နောက်နှစ်လကြာတဲ့အထိ ကျွန်မလေ ကန်ယုကို မြင်တာနဲ့ ပုန်းတော့တာပါပဲ။ အတန်းထဲမှာဆိုရင် ကျွန်မ မျက်လုံးတွေက စာအုပ်ထဲမှာပဲ စိုက်ကြည့်နေတာ။ သူ့ဘက်မလှည့်ရဲခဲ့ဘူး။ ဘာလိုလဲဆိုတော့ ကျွန်မလေ ကန်ယုကိုမြင်တာနဲ့ ကိုးရိုးကားရားတွေဖြစ်ပြီး ကျွန်မရဲ့ဖြုစင်မှုတွေ ဆုံးရှုံးသွားသလိုခံစားမိလို့ပါ။
ကန်ယုကိုကြည့်မိတော့ သူကတော့ပုံမှန်အတိုင်း ဘာမှမဖြစ်ခဲ့သလိုမျိုးနဲ့လေ။ ဒါကြောင့် ကျွန်မလည်း ဒီကိစ္စကြီးကို စိတ်ထဲမထားချင်တော့ဘူး။အိပ်မက်ဆိုးတစ်ခုလို့ ပဲတွေးလိုက်တော့မှ စိတ်ကနေလို့ကောင်းသွားတော့တယ်။နေ့လည်ထမင်းစားချိန်ရောက်တော့ ကျွန်မ ကန်တင်းကိုသွားပြီး ထမင်းဘူးယူမလို့အလာ လမ်းညာဘက်ထောင့်ကို ချိုးလျှောက်လိုက်တော့ တစ်ယောက်ယောက်နဲ့ခေါင်းချင်းဆိုင်တိုက်မိသွားတယ်။ကျွန်မကြည့်မိလိုက်တော့လေ အားလားလား ကန်ယု ပဲ။ ခုနက ဘာမှမဖြစ်ဘူးဆိုပြီးတွေးထားတာတွေ သူ့ကိုလည်းမြင်ရော
ကျွန်မလေ အရမ်းရှက်သွားပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်ကုန်ရော။ ကျွန်မလေ စိတ်ထဲမှာ ချက်ချင်းလှည့်ပြီးပြေးချင်ပေမယ့် လုပ်လိုက်မိတာက ကျွန်မခြေထောက်က ကန်ယုကို အလိုလိုကန်မိသွားပြီး"ငါရှေ့ကထွက်သွား"
ဆိုပြီး အော်မိတော့တာပါပဲ။ ကန်ယုက ကျွန်မသွားလို့မရအောင် လမ်းပိတ်ထားတော့ သူ့ကိုတွန်းထုတ်ပြီးပြေးလာခဲ့တယ်။ နောက်ကိုကြည့်လိုက်တော့ သူကျွန်မနောက်ကို လိုက်လာတော့ ကျွန်မလည်း ခြေကုန်သုတ်ပြေးတော့တာပဲ။ သူ့မျက်နှာကြီးက ပြန်လက်စားချေမယ့်အမူအရာနဲ့ဆိုတော့ ကျွန်မ လန့်ပြီးပြေးတာ အားကစားကွင်းထဲ တစ်ပတ်ပြီးတစ်ပတ် သူကလည်း အနောက်က လိုက်နေတာ ရပ်ကိုမရပ်ဘူး။ ကျွန်မလည်း ပြေးတာ ပြေးတာ ။လူတွေက ကျွန်မတို့နှစ်ယောက် မီတာ၄၀၀အပြေးပြိုင်ပွဲအတွက် လေ့ကျင့်နေကြတယ်လို့ ထင်နေကြတဲ့ပုံပဲ။ ကျွန်မလည်း ပြေးရင်းပြေးရင်းနဲ့မောလာပြီး နောက်လှည့်ကြည့်တော့ ကန်ယုက ကျွန်မနဲ့နီးလာပြီ။ ကျွန်မလည်း ကြံရာမရတော့ပဲ
CITEȘTI
Husband is great black belly (Myanmar Translation)
Dragosteရိုးရိုးလေးနဲ့အေးချမ်းစွာနေတတ်သော အိုးရန်မြောင်မြောင်တစ်ယောက် အသစ်ပြောင်းလာသော ကျောင်းသားသစ်လေးတစ်ယောက်ကြောင့် ဘယ်လိုအဆီအငေါ်မတည့်ဖြစ်ပြီး ပြသနာတွေ ဖြစ်ပြီး ဘယ်လိုမျိုး ချစ်ကြိုက်သွားမလဲ ဆိုတာ.....