ပထမအတန်းချိန်ပြီးသွားတော့ ကောင်လေးတွေက ကျွန်မရဲ့ညီမကို သွားကြည့်ကြတယ်။သူတို့သွားကြည့်ပြီးပြန်လာတာနဲ့ စတင်ပြီးဆွေးနွေးကြပါတော့တယ် ကျွန်မတို့ညီအမနှစ်ယောက်ရဲ့ ရုပ်ရည်မတူပုံကိုပေါ့။သူတို့က ယန်ယန် က ကျွန်မ ထက်ပိုချောတယ်ပေါ့ ။ကျွန်မ ဒေါသထွက်လွန်းလို့ ခဲတံ သုံးချောင်းတောင်ကျိုးသွားပြီ။
ကန်ယု လည်းသွားကြည့်တယ်။သူပြန်လာတော့ ကျွန်မကိုစိုက်ကြည့်ပြီး အရမ်းရှုပ်ထွေးနေတဲ့ပုံနဲ့။ပြီးရင် အကြာကြီးတွေးနေလိုက် ။ကျွန်မ နောက်တစ်ခါ ခဲတံကျိုးပါပြီ။
နောက်တခါ သူ ကျွန်မကို ကြည့်နေပြန်ပါပြီ ဘာမှလည်းမပြောဘူး။ကျွန်မလည်း နေလို့ထိုင်လို့ မကောင်းတော့ဘူး။အတန်းထဲမှာလည်း ကျွန်မကို ငေးကြည့်နေပြီး တစ်ခုခုကို နက်နက်နဲနဲ တွေးနေတာများ။သူဘာတွေများတွေးနေပါလိမ့်။ ယန်ယန်က ကျွန်မထင် ပိုလှတယ်ဆိုပြီး တွေးနေတာလား ဒါမှမဟုတ် သူ ကျွန်မကိုကြိုက်မိတာ မှားသွားပြီလို့ ထင်နေပြီလား။ကျွန်မ ကိုယ့်ကိုကိုယ် ဆိတ်ပစ်လိုက်တယ်။ဘာကြိုက်တာလဲ။သူက ကျွန်မကို ကြိုက်တယ်လို့ တခါမှ မပြောခဲ့ဘူးလေ။ဘာတွေတွေးကြောက်နေတာလဲ။ပြီးတော့ သူ့ကိုလည်း ကျွန်မက ကြိုက်မှမကြိုက်တာ။ဒါကြောင့် သူ ဘယ်သူ့ကိုကြိုက်ကြိုက် ကျွန်မကိစ္စမဟုတ်။
ဒါပေမယ့် ကိစ္စ မရှိဘူးဆိုပြီး ကျွန်မ နှလုံးသားက ဘာလို့နာကျင်နေရတာလဲ။ကျွန်မ ကိုယ်ကိုကိုယ် အားတင်းပြီး စာတွေမှတ်လိုက်ပေမယ့် ခဲတံက ထပ်ကျိုးသွားပါပြီ။ခဲတံအိတ်ကိုဖွင့်ပြီး နောက်တစ်ချောင်းထုတ်ဖို့လုပ်ပေမယ့် ခဲတံတစ်ချောင်းမှ မရှိတော့ပါဘူး။
"ဒါ ယူလိုက်"
ကန်ယု က သူ့ခဲတံတွေထဲက တစ်ချောင်း ကျွန်မကို ပေးပါတယ်။
ကျွန်မလည်း ကျေးဇူးတင်ကြောင်း ပြောလိုက်ပြီး ယူရေးနေလိုက်ပါတယ်။
သမိုင်းအချိန်ရောက်တော့ ကျွန်မတို့ရဲ့သမိုင်းဆရာက အတန်းစကတည်းက စကားပြောလာလိုက်တာ သူပြောတာကို နားထောင်လား နားမထောင်လား ဆိုတာလည်း ဂရုမစိုက်ပါဘူး။သူပြောချင်တာပဲပြောနေတော့တာ။ ကျွန်မလည်း မှတ်စုတွေထုတ်ပြီး ကြည့်နေလိုက်တယ်။ရုတ်တရက်ကြီး ကန်ယုက
YOU ARE READING
Husband is great black belly (Myanmar Translation)
Romanceရိုးရိုးလေးနဲ့အေးချမ်းစွာနေတတ်သော အိုးရန်မြောင်မြောင်တစ်ယောက် အသစ်ပြောင်းလာသော ကျောင်းသားသစ်လေးတစ်ယောက်ကြောင့် ဘယ်လိုအဆီအငေါ်မတည့်ဖြစ်ပြီး ပြသနာတွေ ဖြစ်ပြီး ဘယ်လိုမျိုး ချစ်ကြိုက်သွားမလဲ ဆိုတာ.....