Radom

73 9 2
                                    

သိပ်အံသြစရာကောင်းတာပဲ
လူတစ်ယောက်နာမကို ရေ ရွတ်ရင်း
မျက်လုံးထောင့်ကနေ မျက်ရည်တွေစီးကျလာတဲ့ နေ့တွေဆိုတာ တကယ်ရှိခဲ့ဖူးတယ်

အရင်နှစ်တွေ ပြန်လိုချင်ပါတယ် ပြောနေရင်း
ခုအခြေအနေတွေကို ပိုတက်မက်လာတဲ့
ကိုယ့်ကိုကိုယ် အံ့သြမိလာတယ်

message တစ်စောင်အတွက် နာရီပေါင်းများစွာ သယ်ပိုးထားရသူဆိုရင် ခင်များတို့
ယုံချင်မှာကောင်းမယ်
ယုံကောင်း ယုံနိုင်ပါတယ်

လုပ်နိုင်မယ်လို့တွေးရင်း ရှုံးသွားတဲ့အခိုက်အတန့်ဟာ ဘုရားစင်ရှေ့ လက်အုပ်ချီထားလို့ ရတာနဲ့ယှဥ်ရင် ပိုပြီး ခါးသီးတယ်

ကျွန်တော့ထက် ပိုကံကောင်းတဲ့
လူတွေကို မြင်တဲ့အခါ ကျွန်တော်ပိုပျော်လာတယ် ။သူတို့မခံစားဖူးတဲ့ အတွေးတွေ
ကျွန်တော်မှာ ရှိတယ်ဆိုတာကို ဦးနှောက်က
သတင်းရရှိတယ်အခါ စိတ်ကျလွယ်တဲ့
လူဟာ ကဖိန်းဓာတ်လို ဖိန်းတိန်းရှိန်းတိန်း
ဖြစ်ခဲ့ရ။

ခေါင်းလျှော်လိုက်ရုံ ဆံပင်ညှပ်လိုက်ရုံနဲ့
ပြန်ကောင်းမလာနိုင်တဲ့ အမှတ်တရတွေ
ကျွန်တော့မှာ ရှိတယ် ။

ချစ်ရသူရဲ့ ကြယ်သီးဖျားတစ်ခုကို
ကူတပ်ပေးဖို့ သဘာဝတရားကြီးကို
ငါးမိနစ်လောက် အချိန်ဆွဲပေးချင်တယ်။

ကျွန်တော်ဆိုလိုတာက. black hole ကြီးကို သူရင်ခွင်လို ကန့်သတ်ချက်မဲ့မဲ့ ခုန်ချဖ်ို့ဆိုတာ သိပ်မိုက်ရူးရဲဆန်လွန်းတာပဲ ။

ဒီနှစ်တွေမှာ..
ကျွန်တော် tarot ကဒ်တွေကို သိပ်မရွေးဖြစ်တော့ဘူး ။တိရစ္ဆာန်တွေကို ပိုချစ်တတ်လာမယ်ထင်တယိ ။ ကျွန်တော့ T shirt အနက်ရောင်ဟာ ကြောင်မွှေးပေလို့ လျှော်ရခက်ကြောင်း အမေဟာ မကြာခဏ ညီးတယ်

"ရှန်ရီလာ " လို ဘာသာပြန်ဝတ္တုရှည်ကြီး
တစ်ပုဒ်က်ို တစ်နေကုန် ထိုင်ဆွေးနွေးချင်တယ် ။ အဲ့ဒီမှာ ခင်များလည်းပါတယ်
ခင်များနေတဲ့ မြို့လေးလည်း ပါမယ် ။
ဘုရားသခင်ရဲ့ ဖုံးအုပ်ခြင်းခံထားရသော
ဘယ်ဘက်နှလုံးသားတစ်စုံလည်း
ပါလိမ့်မယ်.....။

Supremacy of LoveWhere stories live. Discover now