🖇☕

20 4 4
                                    

ချစ်တယ်ဆိုတာ
မင်းလက်ကောက်ဝတ်အရိုးလေးကို
ခပ်ဖွဖွလေးနမ်းချင်တာမျိုးပေါ့။

ငါမင်းကိုချစ်လိုက်တာ
အီကွေတာက လာသမျှ နေရောင်ခြည်တွေ ငါခေါင်းပေါ်ဖြာဆင်းလာတောင် မင်းရဲ့ဦးရေပြားတည့်တည့်ကိုခိုးကြည့်ဖို့မမေ့သလိုပေါ့ ။

ရှပ်ကော်လံအဖျားလေး အသာအယာဖြန့်ပေး

မင်းနောက်ကျောကိုဖြေးဖြေးလေးမှီပြီး
မင်းပါးပေါ်က မှဲ့နက်ကလေးကို လိုက်ရေတွက်ချင်နေတာမျိုး ။

အိပ်မက်က ဖြတ်ခနဲ နိုးလာတောင်
ဘေးနားမှာ အိပ်နေတဲ့ မင်းကို မြင်တွေ့သွားချင်တာဆို တော်တော်လောဘကြီးသွားမလားပဲ။
သဘောကျလိုက်တာလို့
ရှိူက်ရှိုက်ပြောရင်း အားမလိုအားမရ မျက်ရည်တွေဝဲတတ်လာတာမျိုး ။

ကိုယ်ကတော့ နှလုံးသားရေးနဲ့ပတ်သတ်ရင်
မဂ်လာဖိတ်စာမှာ ကပ်ထားတဲ့ ကျောက်အပြာရောင်သေးသေးလေးကအစ မင်းဝတ်မဲ့ စင်ကြယ်ဖိနပ်အထိ တယုတယ ထွေးပွေ့ထားချင်တာမျိုး ။

ဘဝမှာ တစ်ခါမှ ငေးမကြည့်ဖူးတဲ့အရာတွေကို
ရှင်နဲ့မှ ငေးကြည့်မိလာတာ ။တစ်ခါမှ မတွေးဖူးတဲ့
ဂေါက်တောက်တောက် အရာတွေကို ရှင်နဲ့မှ
မြည်းစမ်းချင်လာတာ ။

ကျွန်မအတွက်တော့
အစ်ကို ညီမကို ချစ်တယ်ဆိုတာ အကောင်းဆုံး
ဒဿန ပါ ။

မနက်ဖြန်တွေကိုမတွေးပဲ တနဂ်နွေတွေကို မစောင့်ပဲ နာသီးဖျားထဲ လေပူလေးတွေ
ေဝ့ဝိုက်နေမယ့် ရက်ရာဇာတွေဟာ အစ်ကိုပါ။

24 ရဲ့ပထမဆုံးအရူးကဗျာပါ။
ရေးဖို့ဘာ plan မှကိုမရှိပဲ စောက်ပေါလို
ချရေး အဟီး

Supremacy of LoveWhere stories live. Discover now