Part - 4 U/Z

277 34 0
                                    

"မင်း! မင်း!"

"ငါ​ပြောထားပြီးပြီ။ ငါအဲ့က​လေးကို လက်မလွတ်နိုင်ဘူး။"

"ငါ့ကို တစ်ခါ​လောက်​​တော့ အနိုင်ယူခွင့်​ပေးရင်..ဘာဖြစ်သွားမှာမို့လဲ.. ငါ့ကို..ငါ့ကို..တစ်ခါ​လောက်​လေးပဲ.."

"ငါ့ဘဝမှာ မင်းကို ဘယ်လောက်ပဲ အရှုံး​ပေးရ​ပေးရ...ငါ့မှာ သူရှိရင် ဆုံးရှုံးမှု​​တွေကို ​ပျော်​ပျော်ကြီး ပြုံးပြလိုက်ဦးမှာ...​..
ငါ..သူ့ကိုမ​​တွေ့ရရင် ​သေမှာဟာ.."

"ငါ့ကို...ထည့်စဥ်းစား​ပေးပါအုန်း။ ​ကျေးဇူးပြု၍.."

"ငါမင်းကို အနိုင်ယူခွင့်​တွေ ​ပေးပါ့မယ်..ဒီတစ်ခါ​တော့ လက်​လျှော့​ပေးပါလား..."

"ဟင့်အင်း..မရဘူး။ အဲ့လိုမဖြစ်ရဘူး ​ဆောင်းဟွန်း။"

"မင်းအကျင့်ကိုငါသိတယ်။ မင်းသူ့ကို ရသွားပြီး ပစ်ထားခဲ့မှာ...မင်းအဲ့လိုလုပ်ရင် ငါပဲ ရင်ကွဲရမှာ အီဟီးဆွန်း! မင်းဂျယ်ယွန်းတုန်းကလည်း အဲ့လိုပဲ ပစ်ထားခဲ့တာမလား။"

ထိုသို့​ပြော​တော့ အီဟီးဆွန်းမှာ အနာ​ပေါ် တုတ်ကျသလို ဖြစ်၍ ဘာမှ ပြန်မ​ပြောနိုင်။ လက်သီးကိုသာ တင်းတင်း ဆုတ်ထားသည်။ မျက်လုံးထဲက ​ဒေါသရိပ်တို့ကိုလည်း မြင်ရ၏။

*ခွမ်း*

ထို့​နောက် စားပွဲခုံကို ဆွဲလှန်လိုက်ရာမှ စား​ပွဲ​ပေါ်က ​စာအုပ်တွေ၊ တစ်စုံတစ်​ယောက်၏ ဓါတ်ပုံ​တွေ၊ ​​ဝိုင်ခွက်တွေ၊ ဝိုင်ပုလင်း​တွေမှာ လွင့်စင်ကုန်သည်။ ပြီးလျှင် ​ဟီးဆွန်းသူ့ကိုဘထိုးသည်။ ထို့​နောက်အခန်းထဲက ထွက်ခွာသွားသည်။

​ဆောင်းဟွန်း ​​ဝိုင်တွေ ​ပေ​နေတဲ့ သဘာဝဆန်ဆန် ပြုံးရွှင်​နေသည့် တစ်စုံတစ်ဦး၏ ခပ်နွှမ်းနွှမ်း ဓါတ်ပုံကို ​ကောက်ကြည့်လိုက်သည်။ မျက်ရည်​ပေါက်တို့နှင့် မျက်နှာမှ ​သွေးစက်အချို့ကက ထိုဓါတ်ပုံ​ပေါ်သို့ ကျဆင်းကုန်သည်။ ​နွှမ်းနေပြီ ဖြစ်သည့်အတွက် ပြဲသွားမည် စိုးရွံ့၍ တယုတယကိုင်သည်။ ထိုဓါတ်ပုံ​​လေးကို ကိုင်ကာ ရုတ်တရက် လဲကျသွားသည်။

သူဖမ်းချုပ်ခံထားရတာ ဘယ်​လောက်ရှိပြီလဲ။ အစာမစားရသဖြင့် အာဟာရချို့တဲ့သည်။ တစ်ချက်ထိုးရုံနဲ့ ​မေ့လဲသွားနိုင်သည့်အထိ။ သူ​မေ့လဲ​နေ​ပေမယ့် မျက်ရည်​တွေဟာ ကျဆင်း​နေဆဲ။ အစာမစားရဘူးသာ​ပြောသည်။ ဝိုင်​တွေက​ရောဟု ​တွေး​ကောင်း ​တွေး​နေကြလိမ့်မည်။ ​ဆောင်းဟွန်းက အရက်​​သောက်သူမဟုတ်။ မူးယစ်​စေသည့် အရာ​​တွေကို ​ဝေး​ဝေးက ​ရှောင်သည်။ ဝိုင်​သောက်သည့်လူက အီဟီးဆွန်းဖြစ်ည်။

Soul Under The Cherry Tree | Sunsun |Место, где живут истории. Откройте их для себя