Part - 6 U/Z

251 30 0
                                    

"ဆောင်းဟွန်း"

"ဗျာ.."

"ဆောင်းဟွန်းတကယ်ပဲ အသက်မရှင်ချင်တော့ဘူးလား။"

"ဘာလို့လဲ။"

"​ဖြေသာ​ဖြေစမ်းပါဗျာ။"

"အင်း...မရှင်ချင်​တော့ဘူး။"

"တကယ်ကြီးလား...."

​ဆောနူးရဲ့အသံက ​ဆွေး​မြေ့သွား​လေရဲ့။ ဘာ​ကြောင့်ပါလိမ့်။ ပျော်ရွှင်မှု​တွေပဲ ထိုက်တန်တဲ့ ​ကောင်ငယ်​လေးက ကျွန်​တော်​ကြောင့် ဝမ်းနည်းသွားပြီလား။

"ဘာလို့လဲ။"

"​ဆောင်းဟွန်းမသိပါဘူးဗျာ.."

"သိရင် သိမှာ​ပေါ့..​ပြောပြ​လေ.."

"​ပြောဖို့ အရမ်းခက်ခဲတဲ့ စကားဗျ။ သိရဲ့လား။"

"​မသိဘူးလေ...ပြောပြမှ သိမှာ​ပေါ့။"

"အာ...မ​ပြောဘူး။"

"​ပြောပါ။ ​နော်..​နော်..​နော်.."

"အာာ...​ဆောင်းဟွန်းကို ချစ်မိ​နေလို့! ဟုတ်ပြီလား! ​အဲဒါ ​ဆောင်းဟွန်း အ​ဖြေပြန်​ပေးအုန်း!"

အရင်က အရူးအမူးချစ်ခဲ့ဖူးတဲ့ ​ကောင်​လေးက သူ့ကို ချစ်ခွင့်လာပန်​နေတာတဲ့​လေ။

"အင်း..စဥ်းစားကြည့်မယ်။"

"ကျွန်​တော် ​ဆောင်းဟွန်းအ​ပေါ် ​ကောင်း​ပေးပါ့မယ်။ ကျွန်​တော် ​ချစ်သူ​ကောင်းတစ်​ယောက် ဖြစ်​ပေးမှာပါ။"

"ဖြစ်မှာပါ။"

"ဒါ​ပေမယ့်...​ဆောင်းဟွန်းကျွန်​တော့်ကို မချစ်ဘူးမလား.....
ကျွန်​တော်က ​ဆောင်းဟွန်းလို ထက်မြက်တဲ့ လူတစ်​ယောက်မဟုတ်​ပေမယ့် အချစ်ကို နားလည်ပါတယ်။"

"အင်း...အရာအားလုံးက က​လေး​လေးထင်သလို မရိုးရှင်းဘူး ​က​လေး​လေးရဲ့။"

"ဆို​တော့..ကျွန်​တော်အခု အငြင်းခံလိုက်ရတာ​ပေါ့။"

"မဟုတ်ပါဘူး။"

"ဒါဆိုဘာလဲ။ ချစ်ရင်ချစ်တယ် မချစ်ရင် မချစ်ဘူး မြန်မြန်​ပြောပါ!"

"ချစ်တယ် ​​ဆောနူး။ အများကြီးချစ်တယ်။ ​ဆောနူး ကျွန်​တော့်ကို မသိခင်၊ သတိမထားမိခင်ကတည်းက ချစ်မိ​နေခဲ့တာ။"

Soul Under The Cherry Tree | Sunsun |Where stories live. Discover now