Part - 5 U/Z

256 34 0
                                    

"အီဟီးဆွန်းသည် လူသတ်မှုဖြင့် ​ထောင်ဒဏ် ၇ နှစ်ကျခံ​စေ။
ကိုယ်တိုင် ပွင့်ပွင့်လင်းလင်းဝန်ခံသဖြင့် သနား​ငဲ့ညာသောအားဖြင့် ၁၀ နှစ်အစား ၇ သာ ကျခံ​​​စေသည်။"

---------------------------

"ဂျယ်ယွန်း...ကိုကို...ကိုကိုအပြစ်တစ်ခုလုပ်မိတယ်..."

"ဘာအပြစ်လဲ..​မေ​မေ့ပန်းအိုး ကွဲ​အောင် လုပ်မိလိုက်တာလား။"

"မဟုတ်ဘူး..မဟုတ်ဘူးဂျယ်ယွန်း။"

"ဘာဖြစ်တာလဲ။ ဘာလို့ငို​နေတာလဲ ကိုကိုရဲ့။"

ဟီးဆွန်းက ဂျယ်ယွန်းကို ဖက်၍ အကြီးအကျယ်ငိုချပါ​​တော့သည်။ အ​ကြောင်းအရင်းက ​ရေ​ရေရာရာရှိဟန်မတူ။ ထုံးစံအတိုင်း အရက်​သောက်လာတာပဲ ဖြစ်​ပေလိမ့်မည်။

"ကိုကို​တောင်းပန်ပါတယ်ဂျယ်ယွန်း။"

"ဘာဖြစ်တာလဲလို့!"

"ကိုကို...ကိုကို.......လူသတ်မိတယ် ဂျယ်ယွန်းရယ်.."

"ဘယ်လို!"

အဲ့လို ​ဖြေလာမယ်လို့ တကယ် ထင်မထားခဲ့ပါ။
လိမ္မာသွားပြီဖြစ်တဲ့ လူဆိုး​လေးကိုကိုက လူသတ်မိတယ်တဲ့လား။ အခု..အခုလို လိမ္မာသွားပြီးမှ​လေ။ ထားခဲ့ပြီး ပြန်ကပ်တွယ်လာပြီးမှ​​လေ။ ကျွန်​တော့်ကို နူးညံ့လာတဲ့အခါမှ​လေ။ ဘာအတွက်​ကြောင့်များလဲ။

"ကိုကို​တောင်းပန်ပါတယ်ဂျယ်ယွန်း။ ကိုကို့ကို ခွင့်လွတ်​​ပေးမယ်မလားဟင်။"

"ကျွန်​တော်က ခွင့်လွတ်​ပေမယ့်..အစိုးရက ခွင့်လွတ်မှာမဟုတ်ဘူးကိုကိုရဲ့။"

"ကိုကိုဘာလုပ်ရမလဲဟင်။ ဟင် ဂျယ်ယွန်း။ ကိုကိုဘာလုပ်ရမလဲ။"

"ဒီလိုလုပ်...ကျွန်​တော်တို့ အတူတူ ထွက်​ပြေးကြမလား။"

"ဘယ်ကို​ပြေးကြမှာလဲ။"

"ရွာကိုပဲဖြစ်ဖြစ် တစ်​နေ​နေရာ​ပေါ့ ကိုကိုရဲ့။"

"မဖြစ်ဘူး။ မဖြစ်ဘူး။ ကိုကို့​ကြောင့် ဂျယ်ယွန်းပါ အပြစ်သားဖြစ်သွားလိမ့်မယ်။ ကိုကိုဒီလိုလုပ်လိုက်မယ်...ကိုကို ရဲစခန်းမှာ ဝန်ခံလိုက်မယ်။ ဒါ​​ပေမယ့် ဂျယ်ယွန်းက ကိုကို့ကို ​စောင့်နိုင်ပါ့မလား။ ကိုကို ​​ထောင်ထဲ​​ရောက်​နေတဲ့အချိန်။ ​စောင့်..​စောင့်​နေ​ပေးမယ်မလား။"

Soul Under The Cherry Tree | Sunsun |حيث تعيش القصص. اكتشف الآن