ဆောင်းဦးရဲ့ နေဆာပျို့ မနက်ခင်းမှာ ဆောနူး အခုသွားနေတာက တောင်ပေါ်မြို့လေးက သူ့ရဲ့ အဖွားအိမ်ဆီကို..
လမ်းခရီးမှာ တွေ့ မြင်ရတဲ့ ရှုခင်းတွေက ကဗျာဆရာတစ်ယောက် ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ ရေးစပ်ထားတဲ့ ကဗျာလေး တစ်ပုဒ်လို လှပနေတယ်။ ရာသီဥတုက အေးစိမ့်နေပြီး တောင်တန်းညိုညိုတို့ရဲ့ အပေါ်မှ ထွက်ပေါ်လာတဲ့ နေမင်းကြီးရဲ့ နေခြည်နွေးနွေးတို့က ပိုင်စိုးပိုင်နင်း ဖြာကျလာခဲ့တယ်။ ရေဒီယိုမှ နွဲ့နှောင်းစွာ ပျံ့လွင့်နေတဲ့ သီချင်းတစ်ပုဒ်ဟာလည်း ပတ်ဝန်းကျင်နဲ့ လိုက်ဖက်လှတယ်။ ခရီး မထွက်ခင်က ခူးခဲ့တဲ့
စံပယ်ပန်း အချို့ရဲ့ ရနံ့သင်းသင်းဟာလည်း နှာဖျားသို့ အလုအယက် တိုးဝင်နေကြတယ်။
အဖြူရောင် ၊အဝါရောင် ၊အနီရောင် ၊အစိမ်းရောင် စတဲ့အရောင်စုံစုံလင်နေတဲ့ လယ်ကွင်း၊ ပန်းခင်းတွေရဲ့ အလယ်မှာ ချယ်ရီပင်အိုကြီးက ထည်ဝါစွာ ပေါက်ရောက်နေတယ်။
တောင်ပေါ်က စီးကျလာတဲ့ ရေတံခွန်လေးဟာလည်း အေးချမ်းမှုကို ဖော်ဆောင်နေတယ်။ဒါပေမယ့် ချယ်ရီပင်ကြီးရဲ့ အောက်မှာ ကျယ်ပြန့်လှတဲ့ ကောင်းကင်ပြာကြီးကို ငေးမောနေတဲ့ တစ်စုံတစ်ယောက်ရဲ့ ရူပကာကြောင့် လှပါတယ်ဆိုတဲ့ ရှုခင်းတွေတောင် မျက်နှာငယ်ကြရတယ်။
ဘုရားရေ...ဒီလူ တကယ်ပဲ လူကောဟုတ်ရဲ့လား...
နှာတံစင်းစင်းရဲ့ ဘေးမှာ ထင်ရှားစွာ တည်ရှိနေတဲ့ မှဲ့နက်တစ်လုံး။ နို့နှစ်ရောင်သားအရေနဲ့ မျက်ခုံးထူထူ။ သွေးရောင်သန်းနေတဲ့ နှုတ်ခမ်းသား။ အရာအားလုံး ပြည့်စုံတယ်။ ရှုခင်းတွေလား။ မလိုတော့ဘူး။
ချယ်ရီပင်လား။ မလိုတော့ဘူး။ ရေတံခွန်လား။ ပန်းရနံ့တွေလား။ ရေဒီယိုက သီချင်းလား။ မလိုတော့ဘူး။ ဘာမှ မလိုတော့ဘူး။အဲ့ဒီလူက ဘာနဲ့ သဏ္ဌာန်တူသလဲဆိုရင်....
မှောင်မဲနေတဲ့ ကောင်းကင်ကြီးမှာ တောက်ပစွာ ထိန်လင်းနေတဲ့ ကြယ်တစ်စင်းနဲ့ သဏ္ဌာန်တူတယ်။ နတ်ဘုံက ဆင်းသက်လာတဲ့ နတ်သားလေး တစ်ပါးနဲ့လည်း သဏ္ဌာန် တူနေပြန်တယ်။
KAMU SEDANG MEMBACA
Soul Under The Cherry Tree | Sunsun |
Fiksi Penggemarဝိညာဥ်တွေက တကယ်ရှိတာလား။ အင်း အဲ့မေးခွန်းကို ကျွန်တော် ဖြေရခက်လိမ့်မယ်။ ကျွန်တော်စွဲလမ်းနေတဲ့သူက ဝိညာဥ်လိုလို နတ်ဘုံက ဆင်းသက်လာတဲ့ နတ်သားလေးတစ်ပါးလိုလိုနဲ့ အပြစ်အနာအဆာမရှိအောင် ချောမောသူပါလေ။ စကားလည်း တစ်ခါမှ မပြောဖူးပေမယ့် တစ်ခါမြ...