Part - 7 U/Z

229 31 5
                                    

5 years later..

"ဟုတ်ကဲ့ ဘွားဘွား။"

"​နေ့လည်စာကို အချိန်မှန်မှန်စား​နော်။"

"ဟုတ်။"

"ပြီး​တော့ ကျန်းမာ​ရေးလည်း ဂရုစိုက်။ စာကြိုးစား။ မုန့်ဖိုး​တွေ ​​လျှောက်မသုံးနဲ့။"

ဘွားဘွားက ဘွားဘွားပီပီ ဖုန်းထဲက​နေ တတွတ်တွတ်မှာသည်။ ဘယ်အဘွားမဆို ကိုယ့်​မြေး​လေး မြို့ကြီးမှာ တစ်​ယောက်တည်း ​ကျောင်းသွားတက်​ရင် စိတ်ပူမှာပဲမလား။

"ဟုတ်ကဲ့။ ဘွားဘွားလည်း ဂရုစိုက်ပါ။ သားကြိုးစားပါ့မယ်။"

"ဟုတ်ပြီ ​မြေး​လေး​ရေ...ဪ...ဘာလိုလိုနဲ့ ငါ့​မြေး​လေး​တောင် တက္ကသိုလ်​ရောက်ပြီ။"

"ဟီးဟီး။ ဟုတ်ဘွားဘွား​​။"

"တာ့တာ​မြေး​လေး​ရေ။ ​ကျောင်းတက်​တော့မှာ။ ဘွားဘွား ဖုန်းချပြီ​နော်။"

"ဟုတ်ဘွားဘွား။ တာ့တာ!"

*တီ*

ဖုန်းကို အိတ်ကပ်ထဲ ထည့်၍ ​ကျောင်းဝန်းထဲသို့ ဦးတည်ပြီး ​လျှောက်လမ်းလိုက်သည်။

"​ဆောနူး!! ကင်မ်​ဆောနူး!!"

"ယန်ဂျောင်ဝန်း!!"

ဂျောင်ဝန်းမှာ သူ၏ တစ်လှမ်းချင်း ​လျှောက်​နေ​သော ​ခြေ​ထောက်များကို အလိုမကျစွာကြည့်၍ မျက်နှာကို စူပုတ်ထားသည်။ ထို့နောက် သူ့ဆီကို စိတ်မရှည်စွာ ပြေးလာသည်။
ဘာ​များ အလျင်စလိုဖြစ်​နေသလဲ မသိပါ။

"ကြာလိုက်တာ။ ​ကျောင်းဖြင့် တက်​တော့မယ်။"

"ဟာ။ ယန်​ဂျောင်ဝန်း။ မင်းငါ့ထက် အရပ်ပုတာပဲ။"

*ဘတ်*

သူ့ကို အရပ်ပုတယ်ဟု ​ပြောလိုက်​သော​ကြောင့် ​ဂျောင်ဝန်းက သူ့​လက်​မောင်းကို ဘတ်ကနဲ ရိုက်သည်။

"နာတယ် ​ကြောင်​ကောင်ရ။"

"သိပ်မကွာတာကို။"

"​အေးပါဟ။"

"ငါ့ ​ဂျေး​ဟျောင်းလည်း ​ရောက်မလာ​သေးပါလား။"

"မင်းက ​တော်​သေးတယ်။"

ဟု စိတ်ထဲက ​ရေရွတ်လိုက်သည်။

Soul Under The Cherry Tree | Sunsun |Donde viven las historias. Descúbrelo ahora