Extra Part (Sunghoon's POV explained)

305 19 0
                                    

"ကိုကိုအမှန်ကို ​ပြောပြပါ​နော်။ ကိုကို့ရဲ့ ဝိဥာဥ်က တကယ်ပဲ ​ဆောနူးအနားရှိ​နေခဲ့တာလား။"

"ကိုကိုဘာမှမသိဘူးလို့! နားလည်းမလည်​​တော့ဘူး!"

သူနှင့် ချစ်ကျွမ်းဝင်ခဲ့သည့် ​ဆောင်းဟွန်းသည် သူ၏ စိတ်ကူးယဥ်သက်သက်သာလား။ တကယ့်ဝိဥာဥ်လား သူ​ဝေခွဲ၍မရ​တော့။ သူငိုချလိုက်ချင်သည်။ သူအရမ်းသိချင်သည်။ ​ဆောင်းဟွန်းက တကယ်ပဲ သူ့ကိုမမှတ်မိသည်လား။

"ကိုကို! အမှန်​ပြောပြပါ​နော်။ ​ဆောနူးတကယ်သိမှ ရမှာမို့ပါ။"

"​ကောင်းပါပြီ။ ​ဆောနူးတကယ်သိချင်တယ်ဆိုရင် ကိုကို​ပြောပြပါ့မယ်။ ​ဆောနူး ဘယ်သူ့ကိုမှ ပြန်​ပြောမပြနဲ့​နော်။"

"ကတိပါ။"

"အင်း..ကိုကို​ယာဥ်တိုက်မှုဖြစ်တုန်းက ​အမြင်တွေ အ​မှောင်ကျသွားခဲ့တယ်။ ပြန်နိုးလာ​တော့ ချယ်ရီပင်ရဲ့ ​အောက်​​​ခြေကို ​ရောက်​နေခဲ့တယ်။ အစ​ကတော့လူ​တွေကိုကို့ကို မမြင်ရမှန်းမသိခဲ့ဘူး​လေ။ ​နောက်နည်းနည်းကြာလာ​​တော့ ကိုကိုဟာ ဝိဥာဥ်တစ်ခုသာဖြစ်တယ်ဆိုတာကို သတိထားမိခဲ့တယ်။​ နောက်​တော့ ​ဆောနူးနဲ့​တွေ့တယ်။ ​ဆောနူးက ကိုကို့ကိုအရင်မြင်ခဲ့တာပါ။ ကိုကိုက အဲ့တုန်းကလမ်း​​ပျောက်​နေခဲ့တာ။ ဘာလုပ်ရမှန်းမသိတာနဲ့ စိတ်ပျက်ပြီး စိတ်ကို​ဖြေဖို့ ​အေးချမ်းလှတဲ့ ​ကောင်းကင်ပြာကြီးကိုပဲ ​မော့ကြည့်​နေခဲ့တာ။ ​ဒါ​ပေမယ့် ​ဆောနူးက ကိုကို့ကို မြင်ခဲ့တယ်​လေ။ ကိုကိုအဲ့တုန်းက နည်းနည်း​ကြောင်သွားတာ။ ငါကလူလား ဝိဥာဥ်လားဆိုပြီး​ပေါ့။ ​ဆောနူးကို မယုံသင်္ကာရှိလာတာနဲ့ ​ဆောနူး​​နောက်ကို တိတ်တဆိတ်လိုက်ခဲ့တာ။​အဲ့မှာ ​ဘယ်သူဆိုလားမသိဘူး။ ​ဆောနူးကို လာအထာ​ပေးတာ​လေ။ ကိုကို​တောင် အဲ့​ကောင်မ​လေးကို စိတ်တိုခဲ့​သေးတယ်။ အဲ့တုန်းက ​ဆောနူး​လေးကို ခုထိ မှတ်မိ​သေးတယ်။ တကယ်ချစ်စရာ​လေးသိလား။ ဒီလိုနဲ့ပဲ ကိုကို့ရဲ့ ခန္ဓါက အ​ရောင်မှိန်လာတာကို သတိထားမိခဲ့တယ်။ ပြီး​​တော့ တကယ့်​ခန္ဓါကိုယ်ထဲကို ဝင်လို့ရတဲ့နည်းကို ရှာ​တွေ့ခဲ့တယ်။ ဒါ​ကြောင့် ​ဆောနူးကို ခဏခွဲခွာပြီး ​ခန္ဓါကိုယ်ထဲကို ပြန်​ရောက်သွားတာ။ ကိုကိုပြန်မနိုးလာခင် လမ်းပျောက်​နေခဲ့တယ်။ အဲ့တုန်းမှာပဲ အလင်း​လေးတစ်ပွင့်က ကိုကို့အမြင်အာရုံမှာ ​ပေါ်လာခဲ့တယ်။ အဲ့ဒါနဲ့ကိုကို အဲ့အလင်း​ရောင်​နောက်ကို လိုက်သွားခဲ့တာ။ အဲ့အလင်း​ရောင်က ကိုကို့ကိုလမ်းပြ​ပေးတဲ့ ကြယ်လေးတစ်ပွင့်လိုပဲ။ ကိုကိုအဲ့ကြယ်က​လေးက ​ဆောနူးဆိုတာယုံကြည်တယ်။ အဲ့​တုန်းက ​ဆောနူးဆီကို အရမ်းလာချင်ခဲ့တာ။ ဒါပေမယ့် စိတ်သွားတိုင်းကိုယ်မပါခဲ့ဘူး​လေ။ ​ဆေးရုံမှာ အချိန်​တွေအများကြီး ကုန်ခဲ့ရတယ်။ ​နောက်​တော့ တိုက်တိုက်​ဆိုင်ဆိုင်ပဲ ​​ဆောနူးက ကိုကိုတက်​နေတဲ့​ကျောင်းကို ​ရောက်လာခဲ့တယ်။ ကိုကို​ဆောနူးကို မျက်နှာချင်းမဆိုင်ရဲခဲ့ဘူး။ ဒါ​ကြောင့် အားလုံးကို မမှတ်မိ​​​ယောင်​ဆောင်ခဲ့တာပါ။"

Soul Under The Cherry Tree | Sunsun |Tempat cerita menjadi hidup. Temukan sekarang