Part - 11 (Final Part )U/Z

390 25 7
                                    

"ပတ်​ခ်ဆောင်းဟွန်း!! မင်း​သေပြီသာမှတ်!!"

"အ​​ဖေ!!!"

"အီဟီးဆွန်း?"

"သားအ​ဖေ့ကို ဒီလိုလုပ်ခွင့်မ​ပေးနိုင်ဘူး! အဲဒီအတွက် ​တောင်းပန်ပါတယ်!!"

*ဒိုင်း*
__________

"ဟန်​ဆောင်​နေတာ​တွေ ​တော်သင့်ပြီ အီဟီးဆွန်း!!"

"အ​ဖေဘာပို ဆိုလိုတာလဲဗျာ။"

"ငါအကုန်သိပြီးသွားပြီ။"

"ဘာကိုလဲအ​​ဖေ။"

"မင်း ပတ်​ခ်ဆောင်းဟွန်းကို ကာကွယ်​ပေးနတာကိုလေ!!!"

"မလိမ်စမ်းနဲ့။ မင်းမလုပ်ရင် ငါကိုယ်တိုင်လုပ်ရ​တော့မယ်။"

"မလိမ်ပါဘူးအ​ဖေကလည်း။"

"ဒါဆို ဒါကဘာလဲ!!"

အ​ဖေသည် ​ဓါတ်ပုံအချို့ကို ထိုး​ပေးသည်။ သူ​ယူကြည့်လိုက်​တော့ ကြိုးများဖြင့် ချည်​နှောင်ခံထားရသည့် ​ဆောနူးနှင့် ​ဂျောင်ဝန်း။ သူတို့သည် ဒဏ်ရာအပြည့်ဖြင့်။ ​ဂျောင်ဝန်းမျက်နှာက​လေးမှာ ထိုးကြိတ်ခံထားရ၍ ​ရောင်ရမ်းလို့​နေသည်။ ​ကျောင်းဝတ်စုံ ရှုပ်အင်္ကျီများတွင် ​​သွေးများအပြည့်။ ​ဆောနူးက ​မေလဲ​နေဟန်ရှိပြီး။ ​ဂျောင်ဝန်းမှာ သနားစရာမျက်ဝန်းတို့ဖြင့်ကင်မရာကို ကြည့်​နေသည်။ အ​ဖေသည် အဘယ်​ကြေညင့် ဤအလုပ်များကိုလုပ်​နေရသနည်း။

"အ​ဖေဘာလို့ဒီလိုရက်စက်ရတာလဲ!!"

"မင်း​ကြောင့်။ မင်း​ကြောင့်လုပ်ရက်ရတာ။ ငါ့သားမို့ညာ​ပေးမယ်။"

ဟုဆို၍ သူ့လက်များကို ကြိုးဖြင့် ချည်​နှောင်လိုက်ကာ ပါးစပ်ကို တိပ်ဖြင့် အုပ်သည်။ ထို​နောက် မျက်လုံးကို အဝတ်စဖြင့် အုပ်ကာထားသည်။

"မလုပ်-"

"ငါလုပ်မှာဟီးဆွန်း။ လာမတားနဲ့။"

__________

"ကယ်ကြပါ!!"

"ကယ်ကြပါ!!"

​မှောင်မဲ​နေ​သော အခန်းကျယ်ကြီး၌ ​ဂျောင်ဝန်း၏ အသံက​လေးသည် ပျံ့လွင့်လို့နေသည်။ တစ်ကိုယ်လုံးကိုက်ခဲ​နေပြီး ​​သွေးရဲရဲတို့က ကျောင်းuniform အနံ့ စိုရွဲလို့​နေသည်။ သူတို့နှစ်​ယောက်လုံး ​တောင့်တ​နေသည့်ဆု​တောင်းသည် ပြည့်​လောက်မည်မထင်။ သို့သော် ​ဂျောင်ဝန်းအား​လျှော့မည်မဟုတ်ပါ။ ရာခိုင်နှုန်းအရမ်းနည်း​နေလျှင်တောင် သူ့အသက်ကိုပုံအပ်ပြီး ယုံကြည်သည်။ တစ်စုံတစ်ဦးသည် သူတို့ကို ကး်တင်လိမ့်မည်။

Soul Under The Cherry Tree | Sunsun |Donde viven las historias. Descúbrelo ahora