Part - 1 U/Z

475 55 9
                                    

"​ဆောနူး​လေး...ထ​တော့​လေ။နေမြင့်​နေပြီကွဲ့။"

"ဟင်..ဘွားဘွား..ဘယ်နှရာရီ ထိုးပြီမို့လဲ။"

"၁၀ နာရီ ခွဲ​​တော့မှာကွဲ့။ ထ​တော့​နော် ​ဆောနူး​လေး။ ဘွားဘွား ကိတ်မုန့်​​တွေနဲ့ ပူတင်း​တွေဖုတ်​​ပေးထားတယ်။ စားဖြစ်​အောင် စား​​နော်။"

ဘုရား​ရေ...
မ​နေ့က ခရီးပန်းတာ​​ကြောင့် ​ရောက်​ရောက်ချင်း ထိုးအိပ်ပစ်တာ အဲ့​လောက်​တောင် ကြာသွားတာလား။

အင်း..မထချင်​ပေမယ့် ထရ​တော့မယ်။
ခဏ​နေကျရင် ဘွားဘွားကို စ​တော်ဘယ်ရီသီး​တွေ ခူးကူရအုန်းမှာ​။ ရောက်ဖြစ်တုန်း​လေး ကူညီလိုက်ပါမယ်​လေ...

သို့ပေမယ့် ​ဆောနူး၏ စိတ်ကိုတော့ ချယ်ရီပင်​အောက်က လူဟာ လွှမ်းမိုးထားဆဲ...

စိတ်စွဲ​နေ​တာ​ကြောင့်လား မသိဘူး.. အဲ့လူကြီးက အိပ်မက်ထဲထိ ပါတာတာ​​ရော...

"ဟုတ်ဘွားဘွား။"

"အင်း..ဘွားဘွား ခြံထဲ ဆင်း​တော့မယ်​​နော် ​ဆောနူး​လေး။
မနက်စာစားပြီး ​ရေချိုးအုန်း​နော်။"

"ဟုတ်ကဲ့။"

"အား...တကယ်ပါပဲ။ ဒီလူက ဘာလဲ။ အိပ်မက်ထဲအထိ လိုက်​နှောက်ယှက်​နေတာ။"

မျက်စိထဲမှာ ထိုလူရဲ့ ပုံရိပ်​တွေ ​ပေါ်လာတာ​ကြောင့် စိတ်ရှုပ်လာပြီး ​ခေါင်းကို ကြမ်းကြမ်းတမ်းတမ်း ခါပစ်ရင်း အိပ်ရာမှ နိုးထလိုက်သည်။

အဝတ်လဲပြီး မနက်စာစားဖို့ မီးဖို​ပေါ်က ကိတ်မုန့်​နွေး​နွေးကို
လှီးလိုက်ပြီး ​ရေခဲ​​သေတ္တာထဲက ထုတ်ခါစ နွားနို့ခွက်​အေး​အေးထဲကို နှစ်ပစ်လိုက်သည်။
ထို့​နောက် အားပါးတရ စားပစ်သည်။

"​အွမ်း...ကောင်းလိုက်တာ။ ရွာကကိတ်မုန့်နဲ့များ တခြားစီပဲ။"

​ဆောနူးတို့ ရွှာက ​မြေပြန့်​ဒေသတွင် တည်ရှိ၍ ဘွားဘွား​နေထိုင်ရာ မြို့က ​တောင်​ပေါ်​ဒေသတွင် တည်ရှိသဖြင့် ပတ်ဝန်းကျင်၊ရာသီဥတုတို့က ဆီနှင့်​ရေကဲ့သို့ ကွာခြားလှသည်။ ​ဘွားဘွား​နေတဲ့ မြို့​လေးက ​တောမကျ မြို့မကျဟု ဆိုရမည်။ မြို့ပြကြီး​တွေလို မဟုတ်ပဲ ​အေး​အေး​ချမ်းချမ်းသာ။ သို့​သော် မြို့တွင် အစားအစာ၊ ​ကျောင်း၊ တက္ကသိုလ် စသည်တို့ဖြင့် အစုံအလင်ရှိသည်။ ဘွားဘွားအိမ်ကို ​ဆောနူးလာ​ရောက် ​နေထိုင်ရခြင်း၏ အ​ကြောင်းအရင်းမှာ အထက်တန်း​​ကျောင်း လာတက်ခြင်းပင်။ ယခင်က တစ်နှစ်တစ်ခါ မှန်မှန် မ​ရောက်ဖြစ်တဲ့ ဘွားဘွားအိမ်မှာ အကြာကြီး ​နေရ​တော့မည်။

Soul Under The Cherry Tree | Sunsun |Tempat cerita menjadi hidup. Temukan sekarang