Part - 8 U/Z

242 28 2
                                    

"​​ဟေ့​ကောင် ကင်မ်ဆောနူး"

​ဖုန်းကိုယ်စီ နှိပ်​နေရင်း ​ဂျောင်ဝန်းမှ စကားစ​ပြောသည်။

"​ဟေ။"

"မင်း အခန်းငှားဖို့ ရှာ​နေတာမလား။"

"​အေ့​​လေ။ ဘာလဲ။ မင်းရှာလို့​တွေ့ပြီလား။"

"မဟုတ်ဘူးကွ။ ငါ့ကိုကို​ဂျေးက လုံးချင်းအိမ်တစ်လုံး ငှားထားတယ်တဲ့။"

"​အေ့​လေ။ သူငှားတာဘာဖြစ်လို့။"

"မင်းကလည်း။ အရိပ်ပြရင် အ​ကောင်မမြင်ဘူး။ ငါတို့သူ့ဆီမှာ သွား​နေလို့ရတာပဲ။"

"ဟာ။ မင်းက​နေလို့ရတယ်။ ငါကမရဘူး​လေ။ ငါနဲ့သူနဲ့က ဘာမှလည်း မဆိုင်ပဲနဲ့ ငါက ဘာလို့ သူငှားတဲ့အိမ်မှာ တက်​နေရမှာတုန်း။"

​ဂျေး​ဟျောင်းနှင့် ကျွန်​တော်က အခုမှ အပြင်မှာ ဆုံဖူးသည် မဟုတ်ပါသလား။ ​၂ မိနစ်​​ပြည့်​အောင်​တောင် မ​တွေ့ဖူးသည့် ကိစ္စကို အဘယ်​ကိစ္စ​ကြောင့် ကျွန်​တော်က သူငှားသည့်အိမ်​​ပေါ် တက်​နေရမည်နည်း။ မျက်နှာ​ပြောင်လွန်းရာကျသည်။

"အာ။ မင်းက ငါ့သူငယ်ချင်းပဲဥစ္စာ။ ငါ့ကိုကို​ဂျေးက ငါနဲ့ပတ်သတ်တာမှန်သမျှ အားလုံးမြတ်နိုးတယ်တဲ့။ ပြီး​တော့ ဘယ်တော့မှ ငြိုငြင်မှာမဟုတ်ဘူးတဲ့​လေ။ ဆို​တော့ ငါနဲ့မင်းနဲ့ကလည်း ပတ်သတ်​နေ​တော့ မင်းကိုလည်း မြတ်နိုးတဲ့သ​ဘော​ပေါ့။"

"အယ်။ မင်းဟာက ဟုတ်​ရောဟုတ်လို့လား။"

"မင်းစကားကြီးကလည်း။ မသိရင်ငါကပ​လေးဂ​ရောင်းကြီး ကျ​နေတာပဲ။"

"​မဟုတ်ဘူး​လေ။ ငါ​နေလို့ရတာ​သေချာလို့လား ​မေးတာ။ ​ကြောင်​တောင်​တောင်နဲ့။ ကတ်​မောင်းတိန်းပဲ။"

"ရတယ်။ မရလည်းရတယ်။ ရလည်းရတယ်။"

"ဘယ်ဂြိုဟ်​ပေါ်ကစကား​တွေလဲ။ တစ်​ယောက်​ယောက်ဘာသာပြန်​ပေးကြပါ။"

"မရလည်းရတယ် ရလည်းရတယ်ဆိုတာက။ ငါ့ကိုကိုက ငါ့ကိုဘယ်လောက်ချစ်တယ်၊ ဘယ်​လောက်မြတ်နိုးတယ်၊ ဘယ်​လောက်တန်ဖိုးထားတယ်၊ ဘယ်​လောက်အလိုလိုက်တယ်ဆိုတာကို ​ဖော်ပြတာကွဲ့ ဆင်ဂယ်​လေးရဲ့။"

Soul Under The Cherry Tree | Sunsun |Where stories live. Discover now