လွန်ခဲ့သော နှစ်လလောက်က ZhuZhengTing တယောက် ရုံးကလူတွေနဲ့အတူ ခရီးသွားရင်း တားရော့ဗေဒင် ဝင်မေးဖြစ်၏ သုံးခါကတ်ဆွဲသည့်အထဲ ကောင်းတာတစ်ကတ်ပဲပါသည်။
မီးအိမ်ကိုင်ထားသော ရသေ့ကြီးတပါး၏ပုံ"ဘာသာရေးသမားတယောက်က မင်းရဲ့ နှလုံးသားပျော်ရွှင်ချမ်းမြေ့မယ့်လမ်းကို ညွှန်ပြနိုင်လိမ့်မယ်"
ထိုအဓိပ္ပါယ်ကို အရင်က နားမလည်ပါ Xukun၏ အိမ်အောက်တွင် BiWenJunနှင့် တိုက်တိုက်ဆိုင်ဆိုင်ဆုံပြီး ကားကြုံလိုက်စီးကာမှ ရသေ့ကြီးတပါးဘေးတွင် ထိုင်ရမည်ဆိုသော်အခါ ဗေဒင်ဆရာ၏အသံပင် နားထဲပြန်ကြားယောင်မိတော့သည်။
----------------
Xukun မှာ ငယ်စဥ်တည်းက သူ့ဆန္ဒထက် မိခင်၏ ဆန္ဒကိုသာ ဦးစားပေးခဲ့ရသည်။
"ဒီအနက်ရောင်လေးက သားနဲ့ဆို သိပ်လိုက်မှာ"
ခြောက်နှစ်အရွယ် Xukun လေးသည် အပြာတောက်တောက်အရောင် ကြိုက်ရဲ့နဲ့ပင် မိခင်ရွေးသော အနက်ရောင်ကို ယူခဲ့ရသည်။ ထိုအချိန်ကစ၍ Xukun အတွက် ဘယ်ကိစ္စမဆို အမေကပင် ဆုံးဖြတ်ချက်ချပေးလေ့ရှိသည်။
"နောက်တပတ်ကစ အမေတို့ LA မှာ သွားနေကြမယ် သားလည်း အမေရိကမှာ ကျောင်းဆက်တက်ဖို့ပြင်တော့--- ငါ့သားက လိုက်နိုင်မှာပါ စာအရမ်းတော်တဲ့ဟာ"
(စာသင်နှစ်ဝက်ကြီးလေ အမေရယ် သားမသွားချင်ဘူး ဒီမှာ သူငယ်ချင်းတွေလည်း ရနေပြီ ZhengZheng နဲ့လည်း အခုမှ ဇာတ်လမ်းစရမှာ----)
စိတ်ထဲမှ စကားပေါင်းများစွာ ပြောနေခဲ့သော်လည်း ပါးစပ်ကထွက်လာသည်ကား
"ဟုတ်ကဲ့ အမေ သား အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါ့မယ်"
Xukun သည် အမေ့ရှေ့ရောက်ရင် သတ္တိမရှိသည့် ကိုယ့်ကိုယ်ကို အလွန်မုန်းမိသည်။ အရွယ်ရောက်လို့ အလုပ်အကိုင်တွေအောင်မြင်လာသည်အထိ ထိုအကျင့်မှာ ပါနေဆဲ။ အခုလည်း NongNong နဲ့မယူချင်ပဲ စေ့စပ်ကြောင်းလမ်းဖို့ နှစ်ဖက်မိဘ စကားပြောသည့်ဝိုင်းတွင် ငုတ်တုတ်ထိုင်နေရသည်။
"လူကြီးတွေနဲ့ NongNong အကြိုက်တွေချည်း ပြောနေရတယ်
Xukun သားရဲ့ သဘောကရော---"