(Unicode)
"မင်းက အလှမ်းဝေးတဲ့ ကြယ်လေးဆိုရင်
ငါက ကြယ်ကြွေတာကို ဖမ်းချင်တဲ့သူ
မဖြစ်နိုင်ဘူးဆိုရင်တောင် ငါက နှစ်သန်းပေါင်းများစွာ စောင့်ဆိုင်းနေမယ့်သူ"ZhengTing သည် ရက်အရှည်ကြီး ကျောင်းပြေးပြီး ပြန်တက်ကာမှ ပုစ္ဆာများကို ခက်ရာခက်ဆစ်တွက်နေတုန်း Zeren က
"မင်းသိလား CaiXukun က မင်းကိုကြည့်ကြည့်နေတာ ကြာပြီ ---"
"ဟင် --- CaiXukun က ဘယ်သူလဲ"
"ဟာ မင်းက ကျောင်းပဲပြေးနေတော့ အတန်းထဲက လူတွေတောင် မသိဘူးပဲ ---
နောက်ကို မသိမသာ လှည့်ကြည့်လိုက် အထင်ပေါ်ဆုံးလူက CaiXukun ပဲ"ZhengTing လည်း ရင်တဖြတ်ဖြတ်ခုန်ကာ လှည့်အကြည့်
"ဟာ ဖက်တီးကြီးပဲ ကျောက်ပေါက်မာတွေနဲ့ ---"
Zeren သည် အမြဲလွဲနေသော ZhengTing ကို တချက်ရိုက်ပြီး
"ဘယ်တွေလျှောက်ကြည့်နေတာလဲ ---"
"မင်းပဲ နောက်ဘက်က အထင်ပေါ်ဆုံးဆို ---"
"အဲတယောက်က ရုပ်ချောတယ်ဟ သူထိုင်နေတာက ညာဘက်နောက်နှစ်ခုံကျော် ---"
ပထမတခါ လွဲထားပြီးသည်မို့ ZhengTing သည် မယုံတဝက်ဖြင့် မှုန်ကုပ်ကုပ်လှည့်အကြည့် ---
မျက်ခုံးနက်နက် နှာတံပေါ်ပေါ်ကောင်လေးက ကြယ်တွေလို တောက်တောက်ပပမျက်လုံးများနှင့် သူ့ကိုကြည့်နေလေ၏ သချ်ာကြောင့် နောက်ကျိနေသော သူ့ကမ္ဘာတွင် အလင်းတန်းများ ထွန်းလင်းလာသလိုပင် ထိုအခိုက်အတန့်သည် စက္ကန့်သုံးဆယ်လောက်သာ ကြာသော်လည်း ထူးဆန်းလှသည် ဆောင်းတွင်းမနက်မှာ နေရောင်ခြည်လေး ကျရောက်လာသလို နွေရာသီမှာ လေပြေအေးလေး တိုက်ခတ်သွားသလို ZhengTing နှလုံးသားကို ဖမ်းစားသွားတော့သည်
ZhengTing သည် Xukun သူ့ကို စိတ်ဝင်စားနေတာ ဟုတ်မဟုတ် နည်းမျိုးစုံဖြင့် ခင်မင်လာရန် လမ်းကြောင်းပေးသော်လည်း ရှေ့ဆက်မလာခဲ့ Xukun ကေတာ့ ငေးကြည့်မြဲသာကြည့်ပြီး သူ့စိတ်သည် လွန်စွာမှပင် ခန့်မှန်းရခက်လေ၏
အခုထိလည်း Xukun သည် တခြားသူလက်ချိတ်တာငြိမ်နေရင်းပင် သူ့ကိုငေးကြည့်နေတော့သည်