(Unicode)
"ပြန်ပေးဆွဲဖို့ကြံတဲ့ လူဆိုးတွေကို ဖမ်းမိခဲ့လား ---"
NongNong ပြောပြသည့် သူနှင့် Xukun ဆုံစည်းခဲ့ပုံကို Ziyi တို့ နားထောင်နေရင်း မေးခွန်းဖြတ်မေးတော့
"မိတယ် --- တစ်ယောက်က အသေ နောက်တယောက်ကတော့ ထောင်ကျသွားတယ် --- ဒါပေမယ့် ---"
"ဒါပေမယ့် ဘာဖြစ်လဲ ---"
"ကိုကိုပြောတာက ထောင်ကျသွားတဲ့ လူကြီးက ပြန်ပေးသမား မဟုတ်ဘူးတဲ့ ---"
"ဟမ်--- "
"ထောင်ကျတဲ့လူကြီးက ပြန်ပေးသမားနဲ့ ရုပ်ဆင်ပေမယ့် အသက်ကြီးနေတယ်တဲ့ ----
အဲ့အချိန်တုန်းက NongNong က ကြောက်နေတာနဲ့ မျက်နှာတွေ မမှတ်မိခဲ့ဘူး ဝေတေဝါးတားရယ် ---
ကိုကိုကလည်း အရိုက်ခံထားရတာ ခေါင်းပါထိထားတော့ သူ့စကားက အတည်ယူလို့ ရတာမျိုးတော့ မဟုတ်ဘူးပေါ့ ---""မင်းကဘာလဲ --- ကိုယ်လက်ထပ်ရမယ့်သူကိုတောင် အပြည့်အဝ ယုံကြည်မပေးနိုင်ဘူးလား ---"
ရုတ်တရက်ကြီး ထအော်သော ZhengTing ကြောင့် အားလုံးလန့်ပြီး ငြိမ်သွားသည် ပြီးမှ သူ့ကိုယ်သူ သတိရသွားသဖြင့်
"အာ ဆောရီး --- မနက်က အိပ်ရေးမဝလို့ စိတ်မကြည်တာနဲ့ --- နေ့လည်စာ သွားစားအုံးမယ်နော် ---"
ရှက်ရှက်နဲ့ တယောက်တည်း ထထွက်လာခဲ့ရသည် ရုံးအပြင်ရောက်မှ အခန်းထဲ ထမင်းဗူးကျန်ခဲ့မှန်း သတိရ၏ မထူးတော့သည်နှင့် ဝယ်ပဲစားတော့မည်ဆိုကာ ဆိုင်ရောက်သည်နှင့်
"ZhengTing --- မင်းလား---"
ခေါ်သံကြားသဖြင့် နောက်လှည့်ကြည့်လေသော် အရပ်ခပ်မြင့်မြင့် သားသားနားနားဝတ်ထားသည့် လူတယောက်
မြင်ဖူးသလို ရှိသော်လည်း သေချာတော့ မမှတ်မိပါ"ငါ့ကို မမှတ်မိဘူးလား --- ငါ BiWenJun လေ"
သို့မှသာ ---
"အာ တောသား -- အဲ့ C ခန်းကတယောက်မလား ---"
"အေး ငါက Beijing ကို ကျောင်းပြောင်းလိုက်ရတာလေ အခုတော့ စတော့ရှယ်ယာကုမ္မဏီမှာ လုပ်နေတာ Finance Director ပေါ့ ---"
"အော်"
အရင်က စာညံ့ခဲ့သော တောသားလေးသည် ၇ နှစ်အတွင်း လုံးဝပြောင်းလဲသွားခဲ့ပြီ ခေါင်းအစခြေအဆုံး တန်ဖိုးကြီးများဆင်လျှက် ဘိုလိုက ညှပ်ညှပ်ပြောရသေးသည် သူကျွေးသော ယွမ် 30 တန် ခေါက်ဆွဲစားမိသည့် ZhengTing မှာသာ နားမဆန့်အောင် အကြွားခံရင်း BiWenJun နှင့် ပက်သက်သည့် ကျောင်းတုန်းက အဖြစ်အပျက်တခု သွားသတိရသေးသည်