Ep:24

280 46 10
                                    

"ဗျာ ?? "

ဒီနေ့  အပြုံးချိုချိုလေးအား မြင်ချင်လွန်းလို့ အချိန်လေးနည်းနည်းလေးစော လာခဲ့ပင်မဲ့ တွေ့ချင်သူကမကောသ်းဖူးတဲ့လေ

"ဟုကဲ့ သခင်လေးက မနေကောင်းလို့ ဒီနေ့တော့ မသင်ဖူးလို့ပြောခိုင်းလိုက်ပါတယ်"

"… …,မနေ့ကတော့ အကောင်းကြီးပါ ဘယ်လိုဖစ်ရတာလဲ??"

"အဲ့တာက ဟို…ဟိုလေ"

ဟိုလို လို ဒီလို လို ပုံစံဖြင့် အဖြေသေချာမပေးနိုင်သောအိမ်ထိန်းအား စိတ်အလိုမကျစွာမျက်မှောင်ကျုတ်မိသည် ။

"ဘာလို့မေးတာပါလည်း Mr.Mim ??"

အသံကြားရာနောက်လှည့်ကြည့်မိတော့ ထိုလူ တစ်နည်းပြောရရင်ကျွန်တော် မပိုင်ဆိုင်သင့်သော လူ့ရဲ့ပိုင်ရှင်

"သိသင့်တယ် မဟုလား Mr.Kim? ဟိုလေး ရဲ့သင်တန်း
ဆရာတစ်ယောက်အနေဖြင့်လေ"

လို့ပြန်မေးတော့ အေးစက်သွားသောပတ်ဝန်းကျင် တစ်ဆိတ်ဘာလို့ လူသတ်အမွှေ့သတ်တွေခံစားရနေပါလိမ့်

"ဆရာ ဆိုရင်လည်း ဆရာဆိုတဲ့စည်မှာပဲနေသင့်တယ်မဟုလား Mr.Mim??"

တစ်ဖက်လူမှ ဘာအဓိပ္ပာယ်မှန်းမသိသောစကား…

*ဘာကိုဆိုလိုချင်တာလဲ သူက*

မျက်မှောင် ကျုတ်ကာ စဉ်းစားမိရင်းဘာကိုဆိုလိုမှန်းသိသွားတော့ ဒေါသဖြင့် ခက်ဆူးဆူး ထိုလူကို စိုက်ကြည့်မိတော့
သူကလည်း ကိုယ့်ထက်မရော့သော ခက်စူးစူး စိုက်ကြည့်နေလေရဲ့…

"ခင်ဗျား ဘာစကားပြောတာလဲ Mr.Kim!!"

"hak.ကြားတဲ့အတိုင်းပဲ"

"တောက် ခင်ဗျား "
ဒေါသဖြင့်အင်္ကျိ ကော်လံအားဆွဲလိုက်မိသော်လည်း ထိုလူ့ဆီက ကြားတဲ့ ခဟဟ ရယ်သံ

"အနာပေါ် တုတ်ကျလို့ စပ်သွားတယ်ထင်ပါရဲ့"

"  ဒီမှာ ကင်ဆော့ဂျင် ကျနော်ကိုယ်ကျင့်တရားကိုမစော်ကားနဲ့ !! ကျနော် နဲ့ဆော့ ကဆရာတပည့်ပတ်သတ်မူပဲ "

"ဆရာ တပည့် ??…ယုံချင်အောင် ပြောစမ်းပါMr. Minရယ် ခင်ဗျား မျက်လုံးတွေက ဆော့အပေါ်မှာ ဘယ်လိုသဘောမျိုးနဲ့ဆိုတာ ခင်ဗျားကို ခင်ဗျားသိမှာပါ Mr.Min …"

Psycho ဆန်သော အချစ်Where stories live. Discover now