Ep:28

182 36 2
                                    

ရုတ်တရပ် ငိုချ ပိး ထနမ်းလိုက်သူကြောင့် ကြောင်တောင်တောင် ဖြင့် တောင့်တောင့်ကြီးရပ်နေမိသည် ။

ဦးနှောက်ထဲမှာလဲ"Sir.Min ကငါကိုနမ်းနေတယ်ဘာလို့လဲ??" ဆိုတဲ့စကားလုံးတွေပဲ ပြည့်နက်နေပြိး ရုန်းဖို့လည်းစိတ်မကူးမိ ဒီတိုင်းအသိစိတ် ပျောက်နေတဲ့လူတစ်ယောက်လိုဖစ်နေသည်။

ထို့နောက် အသက်ရူရခက်လာကြောင့်မို့ အသိစိတ်ပြန်ဝင်လာကာ တွန်းထုတ်တော့ ပိုမိုတင်းကြပ်လာသော ပွေ့ဖက်မူကြောင့် မျက်ရည်ကျရုံမှ တပါး…

ဒါကို သိလို့လားတော့ မသိ တင်းကြပ်စွာပွေ့ဖက်မူကိုလျော့ချ
လိုက်ပိး အနမ်းတွေကိုလည်းရပ်စဲ လိုက်သူ ကိုယ်ပါးပြင်လက်ဖဝါးအပ်ပြိး ခပ်တိုးတိုးဆိုလိုက်သော စကားကြောင့်
ထပ်ကြောင်မိပြန်သည်။

"ချစ်တယ် ဆော့, ကိုယ့်တို့ဒီအိမ်ကနေ ထွက်ပြေးရအောင်"

ချစ်သူရဲ့ မျက်ဝန်းကိုစိုက်ကြည့်ပိးပြောတော့ နားမလည်ဖူးလို့ဆိုနေသော မျက်ဝန်းများ

"… … …ဘာကို…"

"ကိုယ် အားလုံးကိုသိပိးပိ ဆော့"

မေးမည့်စကားများကို ဖြတ်ပြောတော့ အံ့သြမူများဖြင့်ကိုယ့်ကိုကြည့်လာသူ

"အဲတာကြောင့် ထွက်ပြေးရအောင် ဆော့" လို့ပြောတော့

"ဟင့်အင်း ကျွန်တော်မလုပ်နိုင်ဖူး"

ငြင်းဆန်လိုက်သူကြောင့် ခနတာအံ့သြသွားမိသည် သူထင်ထားက ဆော့ လက်ခံလိမ့်မည်လို့

"ဘာလို့လဲ ဆော့ ကိုယ်မင်းကို ကာကွယ်ပေးနိုင်ပါတယ် "

"ဟင့်အင်း  Sir.Min မသိပါဖူး,သူက အရမ်း ကြောက်ဖို့ကောင်းတယ် ကျွန်တော် လွှတ်နိုင်မှာမဟုဖူး "

လို့အကြောက်အကန် ပြောနေသူအားကြည့်ရင်ထဲမှာတင်းကြပ်လာသည်ထိ ကင်ဆော့ဂျင်ဆိုတဲ့လူ ကဘယ်လောက်တောင်
ဆော့ ကို…

"ဆော့ ကိုယ်ကို ကြည့် "

"ဟင့်အင်း"

"ဆော့ ကိုယ်ကို ကြည့်လို့!!"

"ဟင့်"

"တောင်းပန်ပါတယ် ဆော့ရယ် ကိုယ်လန့်သွားဖို့မရွယ်ပါဖူး
မငိုပါနဲ့ တောင်းပန်ပါတယ်, တောင်းပန်ပါတယ် ဆော့ရယ်
ကိုယ် မှားသွားပါတယ် ကွာ "

Psycho ဆန်သော အချစ်Where stories live. Discover now