17

974 106 13
                                    

မြူးကြွနေတဲ့တီးလုံးသံတွေကြား နော်မန်၏မျက်လုံးများကရီဝေဝေ။သူရဲ့လက်ထဲက ဝီစကီခွက်ကိုအသာလှည့်ရင်း ပွဲထဲကိုကြည့်လိုက်တော့ ကခုန်နေကြသည့်ပျိုမဒီများ။ဟောလိုးဝင်းပါတီဆိုသည့်အတိုင်း ရဲတိုက်သဖွယ်အိမ်ကြီးကြီးတစ်လုံးဆိုတာ မပါမဖြစ်မလား။ဖန်တီးထားသောပိုးချီမျှင်များ သွေးအတုများနှင့် ကျောက်ဖရုံသီးမီးအိမ်များကလဲနေရာအနှံ့။

""ဆောရီးပါFriendတို့ရယ် ငါတော့ဂျက်စီကာလေးနောက်လိုက်သွားတော့မယ်..."" ရယ်ကျဲကျဲပြောကာ သူ့ရည်းစားနောက်လိုက်သွားတဲ့ ဆီရီနာရဲ့သူငယ်ချင်းJayကို သူခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။သူတို့ဘာသွားလုပ်မယ်ဆိုတာ သူသိနေပြီးသားပဲ။နော်မန်ရဲ့ခံစားချက်များကလဲကောင်းတော့ကောင်းမနေပါဘူး။ဒီအဖြစ်အပျက်ကိုကြုံဖူးသလို deja vuခံစားချက်ပဲ

""ငါ အိမ်သာခနသွားဦးမယ်""

""ok""

နော်မန် သူ့ဘေးနားမှာ သောက်နေတဲ့အစ်မဖြစ်သူကိုတီးတိုးကပ်ပြောလိုက်ပြီးနောက် သူ့ခြေလှမ်းများကအိမ်အနောက်ဘက်ဆီသို့။မြူးကြွနေတဲ့DJတီးလုံးများကလဲ သူနဲ့တဖြေးဖြေးဝေးသွားရင်း

တင်းထားသမျှ ဝိတ်တို့ကိုလျှော့ချလိုက်ပေမယ့် စိတ်တို့ကပေါ့ပါးမသွား။သူဆဠမအာရုံကအရမ်းထက်တာ သူတစ်ခုခုခံစားနေရရင်ပြသာနာအကြီးကြီးဖြစ်တော့မှာမို့လို့ပဲ။သူဘောင်းဘီကိုအသာပြန်ဝတ်လိုက်ပြီး အိမ်သာထဲကထွက်ခဲ့တော့ ကော်ရစ်တာကလိုတာထက်တိတ်ဆိတ်နေသယောင်။

လျှောက်လမ်းပေါင်းများစွာကိုသူလျှောက်ပြီးတာတောင် ဒီနေရာပဲထပ်နေတယ်လို့သူထင်လာတယ်။သူလမ်းမှားနေပြီလားမသိ အလာတုန်းကတောင်အဲ့လောက်မခက်ပါဘူး။လမ်းမေးရအောင်လဲ ဘယ်သူကမှသူ့ဆီရောက်မလာကြချေ။သူ့ရဲ့မသိစိတ်က ဒီနေရာကနေ သူ့ကိုအမြန်ထွက်သွားဖို့ပြောနေတယ်။

အား

ရုတ်တရက်လူတစ်ယောက်ရဲ့နာနာကျင်ကျင်နဲ့ ဆွဲဆွဲငင်ငင်အော်သံကိုကြားတဲ့အခါ သူ့ခြေထောက်တွေကကျင့်သားရနေသလိုမျိုး ထိုနေရာကနေ ပြေးထွက်ခဲ့ပေမယ့်လည်း သူပြေးဝင်သွားတဲ့နေရာက အသံလာရာဆီကိုဖြစ်နေတယ်။နော်မန်ရဲ့ခြေလှမ်းတွေက ရပ်တန့်သွားတယ်။သူ့အကြည့်တွေက လဲလျောင်းနေတဲ့လူတစ်ယောက်နဲ့ ထိုလူရဲ့ဦးခေါင်းကိုတူနဲ့ထုနေတဲ့ ဂျိုကာဆီရောက်ရှိသွားတယ်။သူ့ရဲ့နှုတ်ခမ်းတွေက ဘာမှမပြောထွက်နိုင်သလို တဆတ်ဆတ်တုန်ရီသွားတယ်။ဂျိုကာက သူ့အပြင်တခြားတစ်ယောက်ရှိနေတာကိုသတိမူမိသွားပြီး တူနဲ့ထုနေရာက သူ့ကိုမော့ကြည့်လာတယ်။နှစ်ဦးသားမျက်လုံးခြင်းဆုံတဲ့အခါ နော်မန်ရဲ့ခြေလှမ်းတို့ကနောက်သို့ဆုတ်သွားတယ်။ဂျိုကာက ထိုင်နေရာကထလာပြီး သူရှိရာသို့လျှောက်လာလျှင်နော်မန် ထိုနေရာကနေ လှည့်မကြည့်စတမ်း ပြေးထွက်ခဲ့တော့သည်။ထိုလူနှင့် တဖြေးဖြေးသူဝေးလာမှန်းသတိမူမိသော်လည်း စိတ်မချနိုင်သေး။

ဗီလိန်ကြီးကချစ်လို့တော်သေးတယ်(You&Universe)Where stories live. Discover now