12

1.2K 113 2
                                    

""သူသိနေတယ်လေ တို့သူ့ကိုအသုံးချနေမှန်းကို သိသိရက်နဲ့အဲ့ငတုံးလေးက ရန့်ကိုသတ်မယ်ဆိုပြီးပြေးသွားခဲ့တာ သူသေခါနီးတာတောင်တို့ကိုရအောင်ကာကွယ်ပေးခဲ့သေးတာ မင်းကိုကာကွယ်ပေးခဲ့သလိုပဲပေါ့""

ဒိုင်း

ဒုတိယမြောက်အချက်တွင် ခွန်နောင်ကကြမ်းပြင်ထက်လဲကျသွားခဲ့ပေမယ့် ရယ်မောနေခဲ့၏။

""ဒီနေရာမှာသေမယ်လို့မထင်ထားပေမယ့် ဒီတစ်ခါပြန်လာဖို့စီစဥ်ကတည်းက ငါကကြိုတင်စီစဥ်ပြီးမှပြန်လာတာ အခုအချိန်ဆို ရဲတွေနဲ့တို့လူတွေ လမ်းမှာရောက်နေလောက်ပြီ""

""အဖေ့ကိုရော အမေမချစ်ခဲ့ဘူးလား"""

သိချင်စိတ်ပြင်းပြနေသည့် တယ်ပိုးကောင်း၏စကားသံအဆုံးဝယ် ခွန်နောင်ကအရယ်ရပ်သွားပြီး ထီဒနီ့ရန်ရင်ခွင်ထဲက နော်မန်ဆီရောက်၏။

""အဖြစ်မရှိတဲ့ ယောကျာ်း"""

သူမ၏ စကားအဆုံးဝယ် တယ်ပိုးကောင်းကခေါင်းငိုက်စိုက်ကျသွား၏။

""သမီးကိုရော""ခေါင်းမော့ကာ အားတင်းရင်းမေးလိုက်သည့် တယ်ပိုးကောင်း။

""သမီးကို အမေချစ်တာပေါ့""

""အမေသမီးကိုမချစ်ပါဘူး အမေကအမေ့ကိုယ်အမေချစ်နေတာ အချစ်ရေးမှာတစ်ခါလေး ကံမကောင်းခဲ့တာလေးနဲ့အမေက အချစ်ကိုအစစ်အမှန်မဟုတ်တော့ဘူးထင်နေတာ အချစ်ခံနေရမှန်းသိသိရက်နဲ့တောင် အမေကအမေ့အတ္တကိုအမေဆွဲနေတာ""

"" P'ဖာအဖေရော အဖေရော အမေ့ကိုအချစ်စစ်နဲ့ချစ်ခဲ့တာတောင် အမေအသုံးချနိုင်ရက်ခဲ့တာ အမေ့ရဲ့ချစ်ပါတယ်ဆိုတဲ့စကားကို သမီးဘယ်လိုယုံရမလဲနောက်ပြီးအမေ့ရဲ့လက်ရှိယောကျာ်းနဲ့မောင်လေးကိုလဲ အမေတကယ်မချစ်ပါဘူး အမေအသုံးမလိုတော့ရင်သမီးတို့လို့ပဲ အမေစွန့်ခွာသွားမှာပဲ""

""နင်က ငါ့ကိုဘာနားလည်လို့ပြောနေတာလဲ""

ခွန်နောင်၏ အော်ဟစ်နေသည့်စကားကို တယ်ပိုကောင်းကဂရုမစိုက်ပဲဆက်ပြောလာ၏။

""တကယ်ချစ်တဲ့လူကဘယ်တော့မှအဲ့လိုမလုပ်ဘူး ချစ်မိသွားရင် နောက်လူကိုဘယ်တော့မှလွယ်လွယ်အစားထိုးလို့မရဘူး လွယ်လွယ်အစားထိုးလို့ရကတည်းက လွယ်လွယ်ချစ်ခဲ့လို့ပဲ အမေဘယ်သူ့ကိုမှလေးလေးနက်နက်နဲ့သေချာမချစ်ခဲ့ဘူး"""

ဗီလိန်ကြီးကချစ်လို့တော်သေးတယ်(You&Universe)Where stories live. Discover now