4

1K 93 11
                                    

ကျွန်းသစ်များဖြင့် ပြောင်လက်နေအောင်ဆောက်ထားသောအိမ်ကြီးတစ်ခု။စီးချက်ကျစွာလျှောက်လှမ်းလာနေသော ဖိနပ်သံနှင့်အတူ အရောင်တဖိတ်ဖိတ်ပိုးထည်က အိမ်ကြီးရှင်သခင်မကြီး၏အရွယ်တင်အလှကိုပံ့ပိုးနေသည်။

""မြေးဆီက အဆက်အသွယ်ရလား""

""မရသေးပါဘူးသခင်မကြီးရှင့်""

""အိုက်ချနာ ညည်းကို ဒီတစ်ခါမြေးကဘယ်သွားမယ်ပြောခဲ့လဲ"""

""ပတ္တရားမြို့က သရေဟေသီချိုက်ခွန်ဟိုတည်ကိုပါ အမေ""

အစေခံကို မေးနေရာမှ သူမဘက်ကိုလှည့်ကာ မေးလာသော ယောက္ခမဖြစ်သူကြောင့် အိုက်ချနာထိုင်နေရာက အမြန်ဖြေလိုက်သည်။

*ဒုန်း*

တိတ်ဆိတ်နေသောဧည့်ခန်းထဲမှာ တုတ်ကောက်သံကဟိန်းခနဲမို့ အိုက်ချနာတစ်ယောက် တုန်လှုပ်သွားသည်။

""အိုက်ချနာ ညည်းကိုငါမပြောဘူးလား မြေးကိုအဲ့ဘက်မသွားစေနဲ့လို့""

""ဒါပေမယ့် သားချန်းရန်ပါ ပါသွားပါတယ် သမီးဒင်ရန်ရော"" အိုက်ချနာရဲ့ စကားသံကနောက်ပိုင်းရောက်လေလေပို၍တိုးသွားချေသည်။သူမ ယောက္ခမက ဘာကြောင့်ရယ်မသိ ဒင်ရန်ခိုင်စံကိုမကြိုက်တာသူမအသိဆုံး။သူမသားဖြစ်သူက ကြိုက်နေလို့ ဘာမှ သာမပြောပေမယ့် ဒင်ရန်ခိုင်စံအိမ်လာတိုင်း သူမယောက္ခမက ရွံရှာသည့်အကြည့်ဖြင့်ကြည့်တတ်သည်။သားချန်းရန်ကတော့ ငယ်ငယ်ထဲက သားနှင့်ပေါင်းလာသည့် ကလေးမို့လို့ထင်သည်။အမေက သူနဲ့ဆိုစိတ်ချသည်။ဒါပေမယ့်အခုနောက်ပိုင်း ချန်းရန်ကိုပါ စကားမပြောတော့။

အိုက်ချနာလည်း သားဖြစ်သူသွားချင်လို့သာခိုးလွှတ်လိုက်ရပေမယ့် အခုလိုမျိုးအဆက်အသွယ်ပြတ်နေမယ်လို့မထင်ထားပေ။သူမရင်ထဲကအပူကလဲ သူမယောက္ခမထက်မပိုရင်နေ မလျော့ပေ။

""အိုက်ချနာ""

""အမေ""

""ကားပြင်လိုက် ငါကိုယ်တိုင်လိုက်သွားမယ်""

ထိုအချိန် သရေဟေသီဟိုတည်၏အခန်းတစ်ခုမှာတော့ ချောမောလှသောလူငယ်တစ်ယောက်က အိပ်ယာထက်ဝယ်အိပ်စက်လို့နေတယ်။သူက ငြိမ်းချမ်းစွာအိပ်စက်ရမယ့်အစား စိတ်မသက်သာစွာခေါင်းကိုဟိုဘက်ဒီဘက်ယမ်းရင်း ချွေးစေးတို့ကလဲနဖူးထက်ဝယ်သီးလို့နေပေသည်။အချိန်ကာလက အခုမှနေ့ခင်းပိုင်းပဲရှိသေးသည်။

ဗီလိန်ကြီးကချစ်လို့တော်သေးတယ်(You&Universe)Where stories live. Discover now