2

928 95 24
                                    

""နန်းဇာလဖီပြန်လာပြီ ဇာလဖီအိမ်တော်ကို ပြန်လာပြီသခင်ကြီး"""

ဟိုအပေါ်ထပ်ကနေ ဟိုတယ်ပိုင်ရှင်သူဠေးနဲ့ရယ်မောနေသည့်သူကို ငေးကြည့်နေရင်း ဝမ်းသာအားရပြောလာသည့် အစေခံမယ်စုန်ကြောင့် သခင်ကြီးဆိုသူက သူ့ကိုယ်ပိုင်တုတ်ကောက်ကို ဒုန်းခနဲကြမ်းပြင်ပေါ် ဆောင့်ချလိုက်သည်။

""သူက နန်းဇာလဖီမဟုတ်ဘူး""

""နန်းဇာလဖီဆိုတာ လွန်ခဲ့တဲ့အနှစ်70လောက်ထဲက ငါ့ဘဝထဲမှာသေသွားခဲ့ပြီ"""

ဒေါသတကြီးပြောရင်း သခင်ကြီးဆိုသူကလက်ဖြင့်မမြင်ရသည့်အရာတစ်ခုကိုဆွဲဆုပ်လိုက်သည့်အခါ အစေခံမယ်စုန်က နာကျင်စွာအော်မြည်ရင်း တောင်းပန်စကားကို အထပ်ထပ်ပြောနေချေ၏။သူတို့စကားတွေကို ကျယ်လောင်စွာပြောနေပေမယ့် ဘယ်သူကမှ သူတို့စကားတွေကိုမကြားနိုင်ခဲ့

စိတ်ပြေသွားသည့်အခါမှ သခင်ကြီးဆိုသူက အောက်ထပ်ကအမျိုးသားငယ်ကိုပြန်ကြည့်သည့်အခါ ကောင်မလေးတစ်ယောက်နှင့်လက်တွဲလျှောက်သွားတာကိုတွေ့လိုက်ရ၏။

ရုတ်တရက် အိမ်တော်ကြီးတစ်ခုလုံးက ငလျင်လှုပ်သလိုမျိုးတုန်ခါသွားတယ်။နော်မန် ရည်းစားဖြစ်သူ သူ့ကိုကျော်ကာ ဇာတ်လိုက်ရင်ခွင်ထဲအတင်းတိုးဝင်နေသည့်ဇာတ်လိုက်မကြောင့်ခေါင်းအသာခါလိုက်၏။ဇာတ်လိုက်မကတော့ မညွှတ်ခင်ထဲက ညွှတ်ချင်နေပြီ။အဲ့လိုပြောတာ သူအဖက်ခံချင်လို့မဟုတ်ပါဘူး စည်းစောင့်သင့်တယ်ထင်လို့ပါ ဇာတ်လိုက်ကလည်း ရည်းစားရှိတာသိရင်တော့ရှောင်ဦးပေါ့ ဖတ်ထားတာကမလွှတ်တော့ဘူး

ငလျင်ပြီးဆုံးသွားတာနဲ့နော်မန်လဲ သူ့ယူထားတဲ့အခန်းထဲဝင်လာလိုက်တော့တယ်။နောက်ကခုထိဖက်နေဆဲအတွဲကိုလား သူဂရုမစိုက်ပါဘူး အမြန်သာတွဲသွားလိုက်စမ်းပါ ခိုးစားတယ်ဆိုတဲ့ခေါင်းစဥ်နဲ့တင် သူတောင်တကုတကလမ်းခွဲစရာမလိုတော့ဘူး။အဲ့တာကြောင့်ပဲ ဇာတ်လိုက်မအရင်လူဆီကပစ်ထားခံခဲ့ရတာနေမှာ ရည်းစားရှိနေရက်နဲ့တောင် ဒီလောက်ပလူးပြနေမှတော့ ရိုးသားပါတယ်ပြောရင်တောင် ဘယ်သူမှယုံမှာမဟုတ်ဘူး

ဗီလိန်ကြီးကချစ်လို့တော်သေးတယ်(You&Universe)Where stories live. Discover now