16

1.2K 111 14
                                    

ဒီဆိုင်ထဲ သူဘယ်ကြောင့်ရောက်လာလဲ နော်မန်မသိပါ။ချောင်ကျကျလေးမှာဆိုင်တစ်ခုရှိနေတာက ထူးဆန်းလွန်းသောကြောင့် ခေတ္တဝင်ကြည့်ရုံသာ။ဒါပေမယ့်မနေ့ကလူနဲ့တွေ့မယ်လို့တော့ထင်မထားပေ။တစ်ယောက်ထဲရှိပုံအရ ထိုလူက ဆိုင်ရှင်ဖြစ်ပုံရ၏။

""မင်းက ဒီမှာအလုပ်လုပ်တာလား""

နော်မန် ကောင်တာမှာထိုင်ရင်း သူ့အရှေ့ကဂျိုကာကိုမေးလိုက်သည်။သူ့အမေးကို ဂျိုကာကခေါင်းငြိမ့်ကာပြန်ဖြေလာပုံအရ စကားမပြောတတ်ပုံရ၏။

""စိတ်မရှိရင် သောက်စရာလေးတစ်ခုလောက်ရမလား""

ဂျိုကာကခေါင်းငြိမ့်ကာ သူ့အရှေ့ကထွက်သွားတော့နော်မန်ဆိုင်ထဲ ဝေ့ဝဲကြည့်မိသည်။ပစ္စည်းပစ္စယတွေက ရှုပ်ပွပြီးများပြားနေကာ အရုပ်ဆိုင်နှင့်မတူပဲ အမှိုက်ပုံနှင့်သာတူ၏။နော်မန်ကဆိုင်ထဲကို အာရုံရနေစဥ်မှာ သူ့နောက်ကျောကလူကလဲ သူ့လက်ထဲကသံပုဆိန်ကိုတစ်လှည့် နော်မန်၏ဖြူဖွေးလှသော လည်တံလေးကို တလှည့်ကြည့်မိ၏။

ပီ...

ရုတ်တရက်သူ့အနားမှာအော်လာတဲ့ ပီပီသံကြောင့်နော်မန်ကိုယ်လုံးလေးက လန့်ကာတုန်သွားသည်။သူလှည့်ကြည့်လိုက်တော့ ဘယ်အချိန်ကရောက်နေမှန်းမသိတဲ့ဂျိုကာ။

""လန့်သွားတာပဲ ကျေးဇူးပါ""

ဂျိုကာ့လက်ထဲကကော်ဖီခွက်ကိုလှမ်းယူရင်း ပြုံးကာသူဆိုလိုက်တော့ ဂျိုကာကပြုံးကာကြည့်လာ၏။

"""မင်းနာမည်ဘယ်လိုခေါ်လဲ""

ကော်ဖီခွက်ကို လက်နှစ်ဖက်နဲ့ကိုင်ကာသောက်ပြီးနောက် သူ့စကားဆိုလိုက်တော့ဂျိုကာက ခတ္တစဥ်းစားဟန်ပြုသည်။ထိုနောက် ကောင်တာပေါ်တွင်လက်နဲ့ဆွဲကာ ရေးပြသည်။

""Crown""

""of""

""the""

"" killer"""

တစ်လုံးကြည့်စီလိုက်မှတ်ရင်းနဲ့ နာမည်တစ်ခုကထွက်ပေါ်လာသည်။တစ်ဆက်တည်းမှာပဲ ဂျိုကာကထပ်မံရေးလာသည်။

""သူတို့ကတော့ အဲ့လိုခေါ်တယ်""

""ဒါဆို""နော်မန်ပြောရင်း ခေတ္တရပ်သွားကာ စဥ်းစားလိုက်သည်။သူ့ခေါင်းထဲနာမည်တစ်ခုကပေါ်လာသည်။

ဗီလိန်ကြီးကချစ်လို့တော်သေးတယ်(You&Universe)Where stories live. Discover now