5

724 61 8
                                    

ခြောက်ခြားတုန်လှုပ်မှုက အသက်ရှင်ကျန်ရစ်နေတဲ့လူတစ်စုကိုတုန်လှုပ်စေတယ်။ဟိုအရင်ကလို သီးသန့်ကိုယ်ပိုင်ခန်းတွေမှာနေရမယ့်အစား အခန်းတစ်ခုအတွင်းမှာလူတွေကစုထိုင်နေကြတယ်။

""ငါတို့ဘယ်လိုလုပ်ကြမလဲ ဖုန်းလိုင်းကခုထိမမိဘူး""

ဖုန်းကိုကိုင်ကာ ဟိုမြှောက်ဒီမြှောက်လုပ်ရင်း ဒါဝီကာကပြောလိုက်သည်။သူမက ဆံပင်ဂုတ်ဝဲနှင့်တတ်ကြွသည့် GTCကျောင်းသူတစ်ယောက်ပင်။သူမ၏စကားကိုကြားတော့ အားလုံးကသက်ပြင်းချလိုက်သည်။သူတို့ဖုန်းတွေလည်း သူမနည်းတူ တိုင်မမိပေ။

""ငါထင်တာက ဟိုတည်ပိုင်ရှင်လည်းကြံရာပါပဲထင်တယ်""

အဖွဲ့ထဲက မှုန်ကုပ်ကုပ်နှင့်ကောင်လေးက ထိုစကားကိုပြောပြီးတာနဲ့ ခေါင်းကိုပြန်ငုံ့လိုက်သည်။IT ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူကရှက်လွယ်သည်။

""ငါတို့ သူတို့မရိပ်မိအောင်ဟိုတယ်က ဘယ်လိုထွက်ရမလဲ""

""မိသွားရင် ငါတို့လည်း"""

ထိုလူက စကားဆက်မပြောပေမယ့် သူတို့အားလုံးGuideဆရာမ၏လက်သည်းခွံနှင့်မျက်လုံးတစ်လုံးကိုပြန်မြင်ယောင်လာသည်။

""ထွက်မပြေးဘဲ ပြန်တိုက်ရင်ရော""

အားလုံးတိတ်ဆိတ်နေသည့်အချိန်တွင် အားကစားဌာနက မိုက်ခ်၏စကားက ငိုင်နေသောလူစုကိုပြန်လည်သက်ဝင်လာစေသည်။ဟိုတည်ပိုင်ရှင်အပါအဝင် အလုပ်သမားတွေကိုထည့်တွက်လိုက်ရင် ဆယ့်ငါးယောက်ပဲရှိသည်ဖြစ်ရာ အယောက်နှစ်ဆယ်နီးပါးရှိသည့်သူတို့ကမနိုင်ပဲနေမည်လား။မိုက်ခ်ရဲ့စကားကြောင့် အားလုံးကပြန်လည်တတ်ကြွသွားသည်။အားလုံးက လက်နက်ခဲယမ်းတွေယူဖို့မီးဖိုချောင်ကိုသွားဖို့ဆုံးဖြတ်လိုက်ကြသည်။

""ဒါနဲ့ နယုန်ရော""

""သူအိပ်နေတယ်""

ချန်းနန်၏အမေးကို ဒင်ရန်ခိုင်ကပြန်ဖြေ၏။နီးကပ်နေသောအနေအထားက သူတို့နှစ်ယောက်ကိုချစ်သူတွေလိုခံစားရစေ၏။ဒင်ရန်ခိုင်စံက ချန်းနယုန်၏ရည်းစားမှန်းသိနေတာတောင် အားလုံးကသူတို့နှစ်ယောက်ကိုလိုက်ဖတ်တယ်လို့ထင်ကြသည်။ဒါက ဇာတ်လိုက်ရောင်ဝါကြောင့်ဖြစ်နိုင်သည်။လူမှုရေးဖောက်ပြန်နေတာတောင် အားလုံးက သူတို့ကိုမှန်သည်ပဲထင်ကြသည်။

ဗီလိန်ကြီးကချစ်လို့တော်သေးတယ်(You&Universe)Where stories live. Discover now